Unicode
.................မနက်ခင်း မိုးသောက်ချိန်တွင် အိပ်ရာပေါ်မှ ဖြူဖွေးအုနုနေသော ငွေရောင်ဆံပင်နဲ့ ကောင်လေးတစ်ယောက် အိပ်ရာပေါ်မှ လူးလိမ့်ကာ ထလို့လာခဲ့လေသည်။
တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို လေးလံလို့နေပြီး သူ့နောက်ကျောမှလည်း အသက်ရှူသံတစ်ချို့ကို ကြားလိုက်ရလေသည်။ ခါးပေါ်တွင်လည်း လေးလံလှသည့် အရာဝတ္ထုကြီးတစ်ခု တင်နေသည်ကို ခံစားလိုက်ရတာကြောင့် သူအနည်းငယ်လှုပ်လိုက်မိသည်။
မကြာခင် ညီးညူလိုက်ရင်း မျက်လုံးများ ဖွင့်ကြည့်လိုက်တော့ မမြင်ဖူးသည့် နေရာစိမ်းတစ်ခုကို တွေ့ရလိုက်တာကြောင့် ကြောက်အားလန့်အား ထထိုင်မိမတတ်ဖြစ်သွားရသည်။
အောက်ကိုငုံ့ကြည့်တော့ အဝတ်အစား ကင်းမဲ့လျက်ရှိနေပြီး ကြီးမားသောလက်တစ်ဖက်သည်လည်း သူ၏ခါးသွယ်သွယ်ကို ဖက်ထားလေသည်။
သူထိုလက်ကို အသာတွန်းဖယ်လိုက်ပြီး အိပ်ရာပေါ်မှ ထလိုက်သည်။ ထို့နောက် သူ့နောက်ကျောမှ လူကို လှည့်ကြည့်လိုက်တော့ မနေ့ကသန့်စင်ခန်းထဲတွင် ရန်ဖြစ်ခဲ့သည့်သူ ဖြစ်နေသည်။
ထိုသူသည် နှစ်ခြိုက်စွာ အိပ်စက်နေသည်မို့ ထိုသူနိုးမလာခင် ထွက်ပြေးရန် ကြံရွယ်လိုက်တော့သည်။ ကြမ်းခင်းတွင် ပြန့်ကျဲနေသော အဝတ်အစားများကို ကောက်ဝတ်လိုက်ပြီး သူ့ရဲ့ ပါကင်ဖောက်ခံလိုက်ရသည့် နောက်ပေါက်လေးကလည်း နာကျင်ပေမဲ့ မညီးညူရဲ။
ထော့ကျိုးထော့ကျိုးဖြင့်သာ ထိုအခန်းကြီးမှ ပြေးထွက်လာခဲ့ရသည်။ သင်္ဘောပေါ်မှာဖြစ်၍ ပြေးပေါက်မရှိလေမလားဟု စိတ်ပူခဲ့သော်လည်း အပြင်ရောက်တော့ ကမ်းတောင်ကပ်ပြီးနေ၍ သူပျော်သွားခဲ့ရသည်။
သင်္ဘောပေါ်မှ အလျင်အမြန်ဆင်းလိုက်ပြီး ထိုဆိပ်ကမ်းမှ ဝေးနိုင်သမျှဝေးအောင် ထွက်လာခဲ့လေတော့သည်။
တစ်ပတ်အကြာ>>>
F.A တက္ကသိုလ်ကြီး၌ ကျောင်းသားများသည် သက်ဆိုင်ရာ ဌာနသို့ သွားလာလှုပ်ရှားမှုများ ပြည့်နှက်လို့နေလေသည်။ ထိုအထဲတွင် ဒုတိယနှစ် Eco major တန်းခွဲ ဘီရှိကျောင်းသားများသည် စာကိုတိတ်ဆိတ်စွာ သင်ယူလို့နေသည်။
YOU ARE READING
Twins' Love Season 2 (Completed)
RomansaUni ... Pdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ အမြွှာလေးတွေ အဆက်ပါ။ This is my sixth own fiction. ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေ...