Unicode
................ပထမနှစ်ဝက်စာမေးပွဲပြီးနောက် ကျောင်းပိတ်ရက်နှစ်ရက်ရှိသည်။ ထို့ကြောင့် သစ္စာတို့ အင်ကြင်းထွက်သွားခဲ့သည်ကိုပင် မသိခဲ့လိုက်ကြ။ ကျောင်းပြန်တက်ရတော့ လေ့လာရေးခရီးထွက်ဖို့ရာ ဆရာ၊ဆရာမတွေက စာရင်းပေးရန် စီစဉ်ကြလေသည်။
သစ္စာကလည်း အတန်းခေါင်းဆောင်ပီပီ အမည်စာရင်းကောက်ရန်နှင့် ဘက်ဂျက်ကိစ္စတွေဝင်ကူညီပေးနေရတာကြောင့် မအားလပ်ပေ။ အင်ကြင်းကျောင်းမလာသည်ကိုပင် သတိမထားမိသည်အထိ အလုပ်များနေခဲ့တာ။ သူရိန်နဲ့တောင် မတွေ့ဖြစ်။
Semester အသစ်စတော့ ကျောင်းသားများလည်း ခုံနေရာရွေ့ပြောင်းခဲ့ရတော့ အင်ကြင်းနဲ့ဝေးသွားပြီပဲမှတ်လိုက်မိတာ။ ပထမကျောင်းတက်ချင်းတော့ အင်ကြင်းမလာတာသိပေမဲ့ နောက်ရက်ကျ အလုပ်များသွားတာမို့ သတိမထားမိလိုက်ခြင်းပင်။
သိတဲ့အတိုင်း သစ္စာက အတန်းထဲမှာဆို စွာကျယ်လေးနဲ့ အိုမီဂါဆိုပေမဲ့ တကယ်တမ်းကျ စာသင်ရင်ဆို ကုတ်ကုတ်လေးနဲ့ ငိုက်ငိုက်နေတာကြောင့် အတန်းထဲဘာဖြစ်နေတာတောင် မသိသည်အထိပင်။
ယခင်တန်းခွဲတုန်းကလည်း သူရိန့်စနက်ကြောင့် အတန်းခေါင်းဆောင်ဖြစ်ခဲ့ရတာမို့ ယခုအတန်းတွင်လည်း သူ့ကိုသာလုပ်ခိုင်းခြင်းကြောင့် အားနာနာနဲ့ လုပ်ရခြင်းဖြစ်သည်။
(ကလေးက အားနာလို့တဲ့ (≧▽≦))
တကယ်တမ်းစာရင်းကောက်ရချိန်မှာလည်း အလုအယက်ပေးနေကြသဖြင့် မသိလိုက်ပါပဲ တကယ့်ခရီးထွက်မည့်ရက်မှ အင်ကြင်းမပါလာတာ သိလိုက်ရသည်။
"သူရိန်... အင်ကြင်းကော"
"မသိဘူးလေ... မင်းနဲ့ အတန်းတူတယ်မဟုတ်ဘူးလား။ စာရင်းသွင်းတုန်းက သူမပါဘူးလား"
"အယ်... ငါတောင်သတိမထားမိလိုက်ဘူးရယ်"
"မင်းဆိုသည်မှာလေ... အတန်းခေါင်းဆောင်လုပ်ပြီးတော့ ကိုယ့်အတန်းမှာ ဘာဖြစ်မှန်းတောင် မသိဘူးလားဟ"
"ငါတို့ အတန်းသစ်စတည်းက ခုံခွဲထိုင်တာကို ဘယ်လိုလုပ်သတိထားမိမှာလဲလို့"
YOU ARE READING
Twins' Love Season 2 (Completed)
RomantikUni ... Pdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ အမြွှာလေးတွေ အဆက်ပါ။ This is my sixth own fiction. ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေ...