Unicode
.................အိပ်မှုန့်စုတ်ဖွား မျက်နှာလေးဖြင့် အူကြောင်ကြောင်ရုပ်ဖြစ်နေသော လင်္ကာ။ သူ့မျက်လုံးကိုပွတ်လိုက်ကာ ကြည့်မိတော့ နီညှိုရောင်ပြည့်နှက်နေသော အခန်းရှိ ကုတင်ပေါ်သို့ရောက်နေလေသည်။
"ဟင်... ငါဘယ်ချိန်တုန်းက ဒီပေါ်ရောက်နေရတာလဲ"
လင်္ကာ့ခေါင်းပေါ်၌ question mark လေးတွေပြည့်နှက်လို့သွားပြီးနောက် ကြောင်စီစီဖြင့်သာ အိပ်ရာပေါ်မှဆင်းလာခဲ့တော့သည်။ ထို့နောက် ရေချိုးသန့်စင်ပြီး မသွားတာကြာသည့်ကျောင်းသို့သွားရန်ပြင်လိုက်တော့သည်။
အင်္ကျီအဝတ်အစားလဲပြီး အိမ်အောက်ထပ်သို့ဆင်းလာချိန် ဧည့်ခန်းလေးက ရှင်းလင်းလို့နေလေသည်။
"ဟင်... ဘယ်သူကလာရှင်းသွားပါလိမ့်။ ဪ...ငါ့နှယ့် အဲ့လူကြီးကသူဌေးပဲဟာ... အလုပ်သမားတွေ လာရှင်းသွားတာနေမှာပေါ့"
လင်္ကာ သူ့ဘာသာသူတွေးရင်း ခေါင်းငြိမ့်လိုက်လေသည်။ ထို့နောက် မနက်စာစားရန်အတွက် မီးဖိုချောင်သို့ ဝင်လာလိုက်သည်။ စားပွဲပေါ်၌ အုပ်ဆောင်းဖြင့်အုပ်ထားသော စားစရာကို သူဖွင့်ကြည့်မိတော့ တူနာဆန်းဝေ့ခ်ျအချို့ကို တင်ထားသည်ကို မြင်တွေ့လိုက်ရသည်။
လင်္ကာ ဇိုးခနဲဇက်ခနဲ ထိုဆန်းဝေ့ခ်ျကို လှမ်းယူလိုက်ပြီး တစ်ကိုက်ကိုက်လိုက်လေသည်။ နှာခေါင်းထဲသို့ လှိုင်တက်လာသည့် တူနာငါးအနံ့ကြောင့် လင်္ကာလက်ဖြင့်ပါးစပ်ကိုပိတ်ကာ ထိုးအန်လေတော့သည်။
"အဟွတ်... အဟွတ်... အော့.. နံလိုက်တာ... ဘာနံ့ကြီးလဲ"
လင်္ကာ စိတ်ထဲမသာယာဖြစ်သွားရပြီး သူထိုပေါင်မုန့်လေးကို ထပ်မထိတော့ချေ။ ယခင်နေ့တုန်းကလည်း စားနေကျဆိုပေမဲ့ ဒီနေ့ကျမှဘာတွေဖြစ်လို့ အန်ချင်နေမှန်းမသိ။
"အီး... အရသာကတော့ အဝင်မဆိုးပေမဲ့ အနံ့ကြိီးကဆိုးလိုက်တာ... တော်ပြီ တော်ပြီ ဒီတိုင်းပဲကျောင်းသွားတော့မယ်။ ဒါ... ငါမနေ့က ဟိုလူကြီးရဲ့အိမ်ကို ဖွလိုက်လို့ ပညာပြန်ပေးခံရတာနေမယ်။
သိနေတယ်... သိနေတယ်... ဒင်း သက်သက်မဲ့ ငါ့ကိုမုန်းပြီး ပညာပြတာ…. ဟွင့်"
YOU ARE READING
Twins' Love Season 2 (Completed)
RomanceUni ... Pdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ အမြွှာလေးတွေ အဆက်ပါ။ This is my sixth own fiction. ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေ...