Unicode
................နောက်တစ်နေ့ အင်ကြင်း ပုံမှန်အတိုင်း ကျောင်းကိုပြန်တက်ခဲ့သည်။ သူ့ကိုမြင်တဲ့သူတိုင်း တီးတိုးပြောဆိုနေသည်ကို သိသော်လည်း လျစ်လျူရှုလျက်ပေါ့။
ကျောင်းတက်ခေါင်းလောင်း မထိုးခင် ဆယ်မိနစ်အလို...
"ဟဲ့... နင် စင်ပေါ်မှာ ခတ္တာကို အရှက်ခွဲခဲ့တာဆို"
"...."
အင်ကြင်းက ခေါင်းပင်မော့မကြည့်လာပဲ မထီမဲ့မမြင်အပြုအမူကြောင့် ကျောင်းသူအုပ်စုသည် စိတ်တိုသွားရလေသည်။
"ဟဲ့ ငါမေးနေတယ်လေ။ နင့်မှာ ဘာအညှိုးရှိလို့ လုပ်နေရတာလဲ"
"ဟက်... ဘယ်လိုထင်လို့လဲ"
"သူ... သူကကျောင်းပြောင်းလာတာ မကြာသေးတဲ့သူလေ။ အဲ့လိုမျိုးတော့ အနိုင်မကျင့်သင့်ဘူးလို့ထင်တယ်"
"နင် မြင်လိုက်လား။"
"ဟမ်..."
"နင်မြင်လိုက်လားလို့ ငါလုပ်တယ်ဆိုတာ!!!"
"အဲ့ဒါက... မ.. မမြင်လိုက်ဘူး"
"အေး... နင်တောင်မမြင်ပဲနဲ့ ဘာကိစ္စငါ့ကိုလာစွပ်စွဲနေတာလဲ"
"ဟို... ငါမမြင်ပေမဲ့ ကပွဲကို လာကြည့်တဲ့သူတွေအကုန်မြင်တယ်လေ။ ဒီမှာ ဒီဗီဒီယိုက သက်သေပဲ"
အင်ကြင်းရှေ့ကို လာပြတဲ့ဗီဒီယိုတစ်ခု။
"ဒီလောက် ဖြတ်ညှပ်ကပ်ပြီး edit လုပ်ထားတဲ့ ဟာကိုကြည့်ပြီး ငါ့ကိုသက်သေလို့လာပြောနေတာလား"
တစ်တန်းလုံးရှိ ကျောင်းသားများ:"....."
"ဘာပဲဖြစ်ဖြစ်... နင်လုပ်လိုက်တာ သေချာတယ်"
"ဒါဆို စီစီတီဗီနဲ့တကွ သေချာလာပြ"
ဟုပြောကာ ကျောင်းသူရဲ့ဖုန်းကို ပြန်ပေးလိုက်လေသည်။
အခန်းကြီးလည်းတိတ်ဆိတ်လို့သွားပြီးနောက် ခေါင်းလောင်းထိုးလာကာ အတန်းစလေတော့သည်။ ထုံးစံအတိုင်းခတ္တာဆိုတဲ့ တစ်ယောက်တော့ မလာဘူးပေါ့။
ရက်အနည်းငယ်အကြာ ခတ္တာက ကျောင်းပြန်တက်လာပြီး အတန်းထဲမှ လူများသည်လည်း သူမကို ဝမ်းပန်းတသာ ကြိုဆိုကြလေသည်။
YOU ARE READING
Twins' Love Season 2 (Completed)
RomanceUni ... Pdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ အမြွှာလေးတွေ အဆက်ပါ။ This is my sixth own fiction. ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေ...