Story 34

450 16 0
                                    

Unicode
................

လင်္ကာ သိလာသလောက် ထိုလူက ယခင်က ရုပ်ရှင်မင်းသားတစ်ယောက်ဖြစ်ခဲ့ပြီး ယခုအခါ အနားယူခဲ့သည်တဲ့လေ။ သူသိတဲ့ မင်းသားဆိုလို့ ငယ်ငယ်ကကြည့်ဖူးတဲ့ ဟိုမျောက်မင်းသားကလွဲပြီး မသိချေ။ ထို့ကြောင့် သူ့အနေဖြင့် ဦးရိပ်ကို သတိမထားမိသည်မှာ သူ့အမှားတော့မဟုတ်။

သူစဉ်းစားမရသည်က သူ့လို အနုတ်စုတ်ငုတ်စုတ် ဘီတာကောင်လေး... အဟမ်း... အိုမီဂါကောင်လေးက ဤမျှချမ်းသာသော အယ်လ်ဖာကြီးကို အပိုင်ချိုင်နိုင်တယ်ဆိုတာ မယုံကြည်နိုင်တာပဲ။

ပြီးတော့ ကလေးတွေကလည်း သူမွေးထားတယ် မပြောရဘူး.. အတော်ကို လူရည်သန့်လေးတွေပဲ။ နှာခေါင်းထဲတောင် ငွေသင်းရနံ့တွေတောင် ရမလိုလို။ တကယ်ပင် ရွှေဇွန်းကိုက်မွေးလာကြသည့် ကလေးလေးတွေပင်။

"လင်္ကာ... မွ... အပြင်ကြီးမှာ ကြာကြာမနေနဲ့။ တော်ကြာအအေးပတ်လိမ့်မယ်"

ပြောရင်း အငြိမ်မနေ သူ့ပါးပြင်ကို လာနမ်းသွားသေးသည့်လူ။ လင်္ကာ မျက်စောင်းတစ်ချက်ထိုးပြီး သူ့ပါးကို လက်ဖြင့် သုတ်လိုက်သည်။ ဦးရိပ်ကတော့ သဘောကျစွာ ပြုံးရယ်လေသည်။ ဒါတွေက လင်္ကာ အတိတ်မေ့ပြီးနောက်ပိုင်း ပြုမူတတ်သည့် အမူအကျင့်တွေပင်။

တော်သေးသည်က သူ့ကိုစိမ်းစိမ်းကားကားငြင်းမလွှတ်ခြင်းပင်။ ယခင်အချိန်များလို တက်တက်ကြွကြွဖြင့် ပုံမှန်အတိုင်းနေတာကြောင့်လည်းပါမည်။ လင်္ကာ၏‌ ‌ခြေထောက်များလည်း ပုံမှန်အတိုင်းလျှောက်နေနိုင်ပြီဖြစ်ပြီး ‌သူသွားချင်သည့်နေရာ အိမ်အနှံ့လျှောက်သွားနေလေသည်။

"ခဗျား စကားပြောရင် အဲ့နှုတ်ခမ်းကြီး ရှည်မလာလို့ မရဘူးလား"

"ဘာဖြစ်လို့လဲ... အရင်ကလည်း ဒီလိုပဲ နေနေကြကို"

"ဟွန်း... အရင်ကအရင်၊ အခုကအခုလေဗျာ။ ဘယ်လိုပဲ လက်ထပ်ထားတယ်ဆိုဆို ကျွန်တော်မှ မမှတ်မိပဲ"

"အဲ့ဒါကြောင့် မြန်မြန်မှတ်မိအောင် များများနမ်းပေးတာလေ"

"ဟာ... မဆိုင်တာ မပြောနဲ့ဗျာ"

"ဆိုင်တာပေါ့။ ဆရာဝန်ကပြောတယ်လေ.. အရင်ကအပြုအမူတွေ မှတ်မိအောင် များများပြပေး၊ များများလုပ်ခိုင်းပေးလို့ပြောထားတယ်လေ။ ဒါ့ကြောင့် ကိုယ်လည်း လင်္ကာ့ကို စေတနာနဲ့ ကူညီပေးတာကို"

Twins' Love Season 2 (Completed)Where stories live. Discover now