Unicode
................ဦးရိပ် အိမ်ပေါ်ထပ်သို့ ခဏသာထွက်သွားသော်လည်း ပြန်ရောက်လာတော့ သကောင့်သားလေးက အိပ်နေတာမှသိုးလို့။ သူများအိမ်ထဲလည်းလာသေး အိပ်နေတယ်ဆိုတာ ဟောက်သံလေးတောင် ကြားရတယ်။
"အာ... ဒီကောင် ဘယ့်နှယ့်လို့ လာအိပ်နေရတာလဲ။"
သူ လင်္ကာကို လှုပ်နိုးရန်ပြင်လိုက်သော်လည်း မနှိုးဖြစ်။ ထို့နောက် သူသိချင်သောအရာကို စပ်စုရန်သာ ဆုံးဖြတ်လိုက်သည်။
လင်္ကာက အိုမီဂါသာဆိုတယ် သူများတွေလို ထူးထူးဆန်းဆန်းရနံ့တွေမရ။ လင်္ကာပြောသလိုပဲ ယခင်က ဘီတာဖြစ်နေလို့များလား။ သူနဲ့တွေ့မှ ဟိုမုန်းဓာတ်ပြုမှုဖြစ်ပြီး အိုမီဂါပြောင်းသွားလေခြင်းလား။ ထိုသို့ဆိုလျှင်လည်း အိုမီဂါတွေကဲ့သို့ ရနံ့တွေရနေရမည်မဟုတ်လား။
ဦးရိပ် ကောင်လေးထိုင်နေသော ခုံနားထိတိုးကပ်ပြီး သူ့လည်ဂုတ်နားကို ငုံ့ကာအနံ့ခံလိုက်သည်။ ထိုအခါ သူထင်ထားသလိုပင် ပုဏ္ဏရိပ်ပန်းရနံ့သင်းသင်းကလေးရလိုက်သည်။ ထိုရနံ့က ဦးရိပ်အတွက် မူးဝေခြင်းမရှိပဲ သင်းပျံ့ကာ ဆွဲဆောင်မှုရှိလှလေသည်။
သူထိုရနံ့ကို သဘောကျသည်။ အမြဲလိုလိုရလျှင်တောင် မရိုးနိုင်သော ရနံ့မျိုးဖြစ်သည်။ သို့သော် ထိုရနံ့ပိုင်ရှင်ကိုတော့ သူသဘောမကျ။ အိုမီဂါဖြစ်ခြင်းကြောင့်မဟုတ်သော်လည်း အလင်္ကာမုန်းဆိုသော ကောင်လေးဖြစ်နေသောကြောင့်ပင်။
သူ့ရဲ့စရိုက်လက္ခဏာ၊ ပြောပုံဆိုပုံ၊ နေပုံထိုင်ပုံ၊ ငွေမရှိသော်ငြား မာနကခပ်ကြီးကြီးမို့ သူသဘောမကျ။ ထို့အပြင် သူ့တို့နှစ်ယောက်၏အကြောင်းတွေကို ဖော်ကောင်လုပ်နိုင်ချေလည်း ရှိသည်မို့ ပို၍ပင်သဘောမကျသေး။
ဦးရိပ်တစ်ယောက် ခေါင်းလေးအသာခါကာ မီးဖိုချောင်ဘက်သို့ ထွက်လာလိုက်လေသည်။
သုံးနာရီကြာသည်ထိ အိမ်ရှေ့က ဆင်ကြီးကတော့ အိပ်တာသိုးလို့။ သူဇာတ်ညွှန်းတွေဖတ်ပြီးလို့ ညနေစာအတွက်တောင် ချက်ပြီးရောပေါ့။
လင်္ကာတစ်ယောက် မွှေးပျံ့တဲ့ရနံ့ရသည်မို့ အိပ်ပျော်နေရာမှနှိုးထလာခဲ့လေသည်။ ပါးစပ်ကလည်း သွားရည်တွေစီးကျနေသည်မှာ အင်္ကျီတွေပေါ် ပေကျံလို့။
YOU ARE READING
Twins' Love Season 2 (Completed)
RomanceUni ... Pdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ အမြွှာလေးတွေ အဆက်ပါ။ This is my sixth own fiction. ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေ...