Unicode
................."ဘာ... မေ့သားလေး နာသွားတယ်ဟုတ်လား။ ဘယ်နားလဲ... "
"ဟင့် ... ဒီနား"
ဟု သူ့ဒူးပေါ်မှ အနည်းငယ်နီရဲနေသော ဒဏ်ရာလေးကို ပြကာ တိုင်တောနေလေသည်။ ထိုအခါသူမကလည်း လွန်းတို့ရှိရာသို့ လှည့်လာကာ ဒေါသထွက်နေသော မျက်နှာဖြင့် ဆိုလာသည်။
"ဟဲ့... ငါ့သားကို နာအောင်လုပ်တာ နင်တို့လား"
လွန်းတို့က ဘာမှ မပြောဘဲ ထိုအမျိုးသမီးကိုသာ စိုက်ကြည့်နေသည်မို့ သူမပိုမိုဒေါသထွက်သွားကာ...
"ဟဲ့ ငါမေးနေတယ်လေ။ ဘယ်က ယဉ်ကျေးမှုမရှိတဲ့ ကလေးတွေလဲ။ လူကြီးမေးတာ ဖြေရကောင်းမှန်းမသိဘူးလား"
"......."
"မင်းတို့ ငါ့သားကိုပြန်တောင်းပြန်သင့်တယ်"
"အဒေါ်ကြီးသားကိုတောင်းပန်ရအောင် ကျွန်တော်တို့ ဘာအမှားမှမလုပ်ထားဘူး။ တောင်းပန်ချင်းတောင်းပန် ကျွန်တော့်ညီမလေးကိုတောင်းပန်ရမှာ မဟုတ်ဘူးလား။ ဒီမှာ သူလုပ်လို့ သွေးထွက်နေပြီ"
"ဟင့်... မီးလက်နာတယ်"
ထိုအမျိုးသမီးက သွန်းလက်ကို တစ်ချက်ကြည့်ပြီးနောက် လျစ်လျူရှုကာ ဆက်ပြောသည်။
"ဟက် ... လက်တောက်လောက်နဲ့ ပြန်ခံပြောနေသေးတယ်။ မင်းညီမက အရင်စတိုက်လိုက်လို့ ထိတာလေ။ ငါ့သားကိုမတောင်းပန်ပဲနဲ့ လာလွဲချမနေနဲ့"
"မတောင်းပန်နိုင်ဘူး"
"မင်း... ခုချက်ချင်းတောင်းပန်စမ်း။ ဘယ်အုတ်ကြိုမျက်ကြားက မွေးလာတဲ့ဟာတွေလည်းမသိ။ ဆိုင်ထဲမှာ ပွက်လောရိုက်နေတာ မင်းတို့ဝန်ထမ်းတွေ သေချာမထိန်းသိမ်းဘူးလား"
သူမက ဝန်ထမ်းတွေဘက်ကိုလဲ မဲမာန်ကြလေသည်။ သူမရဲ့ အရှိန်အဝါက အားကြီးတော့ မည်သူမျှ မဆန့်ကျင်ဝံ့ကြဘူးလေ။
"တောင်းပန်ပါတယ် သခင်မကြီး ကျွန်မနှင်ထုတ်လိုက်ပါ့မယ်"
ဆိုင်ဝန်ထမ်းလက်က သွန်းရဲ့ လက်ကို ဆွဲချလိုက်တာကြောင့် ခန္ဓာကိုယ်က ဒရွတ်တိုက်သလို ပါသွားတာကြောင့် လွန်းလည်း ထိုအမျိုးသမီး လက်ကို ရိုက်ချလိုက်လေသည်။
YOU ARE READING
Twins' Love Season 2 (Completed)
RomanceUni ... Pdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ အမြွှာလေးတွေ အဆက်ပါ။ This is my sixth own fiction. ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေ...