Story 4⚠️⚠️⚠️

856 27 0
                                    

Unicode
................

(A/N: There's a little bit of mature content.)

မနက်ရောက်တော့ လင်္ကာလေးပင်စွာနိုးလာခဲ့သည်။ ညတုန်းက သူအစောကြီးအိပ်သွားပြီး ဟိုလူကြီးကတော့ ပြန်မလာခဲ့။ ခုတလော လူကလည်းငြီးစိစိနဲ့ ဘာဖြစ်ချင်နေမှန်းမသိ။

လင်္ကာကိုယ်တိုင်က အိုမီဂါဟူသော ဆေးစစ်ချက်အဖြေ ထွက်လာပါသော်ငြား heat လုံးဝမဝင်သည်မှာ လွန်ခဲ့သော သုံးလတည်းကပင်။ ခုကျတော့ အဲ့ဟာကြီးပဲလာချင်နေသည်လား မပြောတတ်။ ထို့ကြောင့် ဆရာဝန်ပေးထားသော ဆေးကိုယူကာသောက်ရန်ဆုံးဖြတ်လိုက်သည်။ အံဆွဲထဲမှ ဆေးကိုထုတ်ယူလာပြီး အိမ်အောက်ထပ်သို့ဆင်းလာခဲ့လေသည်။

တစ်အိမ်လုံးလည်းတိတ်ဆိတ်နေသည်မို့ ဟိုလူကြီးမရှိတော့ဘူးထင်ပါ့။ မီးဖိုချောင်ခန်းထဲသို့ ဝင်တော့ စားပွဲပေါ်မှာ ဟင်းအချို့နဲ့ ထမင်းပြင်ပေးထားလေသည်။

ထို့ကြောင့် သူလည်းထမင်းစားလိုက်ပြီးနောက် ဆေးတစ်လုံးကိုယူသောက်လိုက်လေသည်။ ထို့နောက် ဒီနေ့ကျောင်း‌သို့မသွားတော့ပဲ တစ်ရက်နားရန်သာဆုံးဖြတ်လိုက်သည်။

သူဆေးသောက်ပြီးတော့ အဖျားစတင်တက်လာတော့သည်။ တစ်ကိုယ်လုံးပူတက်လာတာမို့ အိပ်ခန်းထဲသို့သာပြန်နေလိုက်မိသည်။ အခုတလောသူ့ကျန်းမာရေးအခြေအနေသည် ထင်ထားသည်ထက်ပိုဆိုးလာနေသလားမသိ။

လွန်ခဲ့သော သုံးလတုန်းကတောင် ကျန်းမာနေသေးသော်လည်း ယခုအချိန်မှာတော့ သူမထချင်လောက်အောင်ဖြစ်နေပြီး တစ်ကိုယ်လုံးနုန်းချိကာ တစ်ခုခုကိုလိုအပ်နေသလိုပင်။ ခန္ဓာကိုယ်ကအင်အားတွေ တစ်စုံတစ်ယောက်က စုပ်ယူသွားသလိုလည်းခံစားနေရသည်။

လင်္ကာတစ်ယောက် စိတ်တင်းထားရာမှ မတတ်နိုင်တော့ပဲ ရုတ်တရက် အိပ်ရာပေါ်မှ ငုတ်တုတ်ထထိုင်လိုက်လေသည်။ ပြီးနောက် အခန်းထဲမှထွက်ကာ အိမ်အောက်ထပ်သို့ဆင်းကာ ထိုင်ခုံတွင်သွားထိုင်နေလေသည်။ သို့နှင့် လင်္ကာတစ်ယောက် တစ်နေကုန်သည်အထိထိုင်နေသည်မှာ ညဘက်အထိအချိန်ကုန်လို့ သွားလေတော့သည်။

ဦးရိပ် ညခုနစ်နာရီတွင် အိမ်ပြန်ရောက်ခဲ့သည်။ တစ်အိမ်လုံးအမှောင်ချထားသကဲ့သို့ ဖြစ်နေပြီး ကြည့်ရတာ ဒီနေ့လည်း ကောင်လေးက အစောကြီးအိပ်နေပုံရသည်။

Twins' Love Season 2 (Completed)Where stories live. Discover now