Unicode
................ရှပ်အင်္ကျီ အဖြူခပ်ပွပွကို ကပိုကရိုလေး ဝတ်ထားသည့် လင်္ကာ။ အိပ်မှုန်စုံမွှားလေးဖြင့် မျက်လုံးလေးပွတ်ကာ ထလာခဲ့သည်။ မျက်လုံးပွတ်ပြီးနောက် လက်ကိုကြည့်မိတော့ ရွှေလက်စွပ်လေးတစ်ကွင်းက နေရာယူထားသည်။
"အာ... မနေ့က လက်စွပ်ပေးထားတာပဲ"
သူပြုံးလိုက်ရင်း အိပ်ရာနံဘေးကိုကြည့်မိတော့ အယ်လ်ဖာကြီးကလည်း အိပ်နေဆဲပင်။ ဦးရိပ်က ခုထိသူ့နံဘေးမှာရှိနေပုံ ထောက်ရင် ဒီကနေ့တော့ ဘယ်မှသွားစရာမရှိဘူးနဲ့တူသည်။
အိပ်ပျော်နေသာသူဘေးမှ အသာလေးထကာ ကလေးတွေအခန်းထဲသို့ ဝင်ကြည့်လိုက်သည်။ ခုထိမထကြသေးသဖြင့် သူလည်းမျက်နှာသစ်၊ သွားတိုက်ပြင်ဆင်ပြီး အိမ်အောက်ထပ်သို့သာ ဆင်းလာခဲ့လိုက်သည်။
အိမ်ကြီး၌ သူတို့မိသားစုလေးယောက်ကလွဲပြီး အိမ်အကူဒေါ်ဒေါ်ကြီးတစ်ယောက်သာရှိသည်။ ထိုအိမ်ကြီးက သားနဲ့သမီးလေးမွေးပြီးနောက် ဦးရိပ်၏မိဘတွေက ဝယ်ပေးထားခြင်းဖြစ်သည်။
သူတို့နေထိုင်သည့်အရင်ကွန်ဒိုက အရမ်းဝေးလို့ဆိုပြီး မိဘတွေနဲ့နီးတဲ့ နှစ်လမ်းလောက်အကွာမှာ ထိုအိမ်ကိုဝယ်ပေးထားခြင်းဖြစ်သည်။ လုံးချင်းအိမ်တွေသာရှိသော ရပ်ကွက်ဖြစ်သဖြင့် ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်နေသည်။
"ဒေါ်ဒေါ် အစောကြီးနိုးနေတာလား"
"အစ်ကိုလေး... ထပ်အိပ်တာမဟုတ်ဘူးကွယ်။ ဘာလို့အစောကြီးထလာတာလဲ"
"ကျွန်တော်လည်းမသိပါဘူးဗျာ။ အစောကြီးနိုးနေလို့... ကျုပ်ဘာကူပေးရမလဲဟင်"
"ရတယ်.. အစ်ကိုလေး.. ခဏနေပြီးတော့မှာ"
"မနက်စာလား.. ကျွန်တော် စားပွဲပေါ် ကူချပေးမယ်လေ"
"ရပါတယ်ဆို"
"မရပါဘူး.. ကျုပ်လုပ်ပေးချင်လို့ပါဆို"
"ဒါဆိုလည်း ဒီပန်းကန်လေးတွေ စားပွဲပေါ်ချပေးပါနော်"
"ဟုတ်ကဲ့"
မနက်စာက ကော်ရည်ခေါက်ဆွဲနဲ့ ကော်ဖီ၊ ပေါင်မုန့်ကြော်အချို့ ပါသည်။ ဦးရိပ်ကပေါင်မုန့်နဲ့ ပတ်သတ်သည့်အရာတွေ အကုန်ကြိုက်သည်။ ထို့ကြောင့် ဒေါ်ဒေါ်က အသင့်ဖြစ်အောင် လုပ်ပေးထားခြင်းဖြစ်သည်။ လင်္ကာ့အတွက်ကတော့ ကော်ရည်ခေါက်ဆွဲလေးပေါ့။
YOU ARE READING
Twins' Love Season 2 (Completed)
Roman d'amourUni ... Pdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ အမြွှာလေးတွေ အဆက်ပါ။ This is my sixth own fiction. ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေ...