Unicode
.................အိမ်ပြန်ရောက်တည်းက အခန်းထဲကမထွက် အိပ်ရာပေါ်တွင်ခွေခွေလေးကွေးနေသောသူ။ ဦးရိပ် လင်္ကာရဲ့အခြေအနေကို မေးမြန်းချင်ပေမဲ့ မမေးရက်။ တော်ကြာနေ အခြေအနေပိုဆိုးနေမှဖြင့် ငြိမ်နေသော သူ့လင်္ကာလေးမှာ သောကတွေပိုများနေဦးမည်။
သူလေးစိတ်ဆန္ဒရှိတဲ့ချိန် ဖွင့်ပြောဖို့ကိုသာစောင့်ရန်ကျန်လေတော့သည်။ ထို့ကြောင့် ဦးရိပ်မိမိအခန်းထဲသို့သာ ပြန်ပြီးတိတ်တဆိတ်နေလိုက်တော့သည်။ သို့နှင့် အချိန်အားဖြင့် ညဆယ့်တစ်နာရီလောက်ရှိပြီ။ ဦးရိပ် ဇာတ်ညွှန်းလေးဖတ်ပြီးလို့ အိပ်ရန်ပြင်လိုက်ချိန် အခန်းတံခါးခေါက်သံလေး သဲ့သဲ့ကြားလိုက်ရသည်။
'ဒေါက်... ဒေါက်...'
"ဝင်ခဲ့ပါ"
သူ့အဖြေနှင့်အတူ တံခါးဖွင့်ကာ ဝင်လာသည့်ကောင်လေး။ အဝါရောင်ကာတွန်းပုံ ညဝတ်အင်္ကျီဝိုင်းဆက်ဖြင့် လင်္ကာက သူ့ဆီသို့ လျှောက်လှမ်းလာပြီး သူ့အိပ်ရာပေါ်သို့ ဝင်လှဲလိုက်သည်။ ပြီးနောက် ဦးရိပ်ကို လက်ကလေးပုတ်ပြကာ ပြောချင်တာကတော့ သူ့ဘေးနားလာအိပ်ဆိုသလိုပေါ့။
ဦးရိပ်လည်း ဝမ်းသာအားရဖြင့် လင်္ကာ့ဘေးနားဝင်လှဲချလိုက်လေသည်။ သို့သော် ကောင်လေးကိုတော့ မထိရဲ... တော်ကြာ စိတ်ဆင်းရဲသွားမှဖြင့်။ သို့သော် လင်္ကာကိုယ်တိုင်က သူ့ရင်ခွင်ထဲတိုးဝင်လာတာကြောင့် ကျားပဲ သတ်သတ်လွတ်ဘယ်စားမလဲ ဝမ်းသာလုံးစို့ပြီး အားရပါးရဖက်ပြစ်လိုက်တာ။ ကောင်လေးကလည်း ငြိမ်ငြိမ်လေး အိပ်လို့။ အယ်... တစ်ချက်ပဲ သူ့ရဲ့ဗိုက်ပူလေးက အနည်းငယ်ထောက်နေတာကလွဲလို့ပေါ့။
ဒါပေမဲ့ ကောင်လေးကလည်း သူ့ကိုပြန်ဖက်ထားတာကြောင့် အပျော်လွန်နေပြီလေ။ ဦးရိပ်လည်း လင်္ကာ့ကျောလေးကိုခပ်ဖွဖွပုတ်ပေးရင်း သူသက်တောင့်သက်သာ ဖြစ်စေရန် နေပေးလိုက်သည်။ ဒီလိုနဲ့ တစ်ခဏအကြာ ကောင်လေးက အိပ်ပျော်လို့ သွားခဲ့လေသည်။ ဦးရိပ်လည်း ကောင်လေးရဲ့ ခေါင်းလေးကို ခိုးနမ်းရင်း သူလည်း အိပ်စက်ပြစ်လိုက်သည်။
နှစ်ကိုလစား၊ လကိုရက်စားဖြင့် အချိန်ကာလသည် သုံးလလောက်ကြာသွားခဲ့သည်။ ဒီကြားထဲ ပြဿနာဟူ၍ ကြိီးကြီးမားမားမဖြစ်ခဲ့။ တစ်ခုပဲ သူနဲ့ နာမည်ထွက်ခဲ့တဲ့ စိမ့်စမ်းချိုဆိုသော မိန်းကလေးသည် အနုပညာလောကထဲက အပြီးတိုင် ထွက်သွားခဲ့လေပြီလေ။
YOU ARE READING
Twins' Love Season 2 (Completed)
RomanceUni ... Pdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ အမြွှာလေးတွေ အဆက်ပါ။ This is my sixth own fiction. ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေ...