Story 17

551 21 0
                                    

Unicode
.................

ယနေ့ကျောင်းပိတ်ရက်ဖြစ်သဖြင့် အိမ်မှာ ဘေဘီလေးတွေနဲ့အတူ နေနေကြလေသည်။ လင်္ကာသမီးလေးကို ပန်းရောင်ဖဲပြားကလစ်လေးတပ်ပေးထားပြီး သားငယ်ကိုတော့ ရင်ဘတ်မှာ ဖဲပြားအပြာ‌တပ်ထားသည့် အင်္ကျီကို ဝတ်ပေးထားလေသည်။

"တို့ ဘေဘီလေးတွေက ချစ်ဖို့ကောင်းလိုက်တာ"

ဘေဘီလေးတွေရဲ့ နာမည်ကို သူ့ဒယ်ဒီကြီးက စိတ်ကြိုက်ပေးထားလေသည်။ သမီးလေးကို သွန်းရိပ်လင်္ကာနဲ့ သားလေးကိုတော့ လွှမ်းရိပ်အလင်္ကာ ဟု အမည်ပေးထားလေသည်။ အကုန်လုံးကို လင်္ကာ့ အမည်လေးပါအောင် မှည့်ပေးထားသည်။ သူ့နာမည်လေးတောင် 'ရိပ်' ဆိုတဲ့စကားလုံးလေး ထည့်ပေးထားတာတောင် လွန်လှလေပြီတဲ့လေ။

တကယ်ကို ဒယ်ဒီချစ် ဘေဘီလေးတွေပါလေ

ဘေဘီသွန်းနဲ့ ဘေဘီလွှမ်းလေးက သူ့ဒယ်ဒီကိုလည်း အလွန်ချစ်သည်။ သူ့ဒယ်ဒီရဲ့ ကြော်ငြာလာတိုင်း လက်ကလေးနဲ့ လိုက်လုပ်ပြလေ့ရှိသည်။ ဒီနေ့ ရာသီဥတု သာယာသည်မို့ အပြင်သွားရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ဦးရိပ်ကလည်း မနက်ကပြောသွားသည်‌လေ။ ဒီအနီးအနားတစ်ဝိုက်မှာ ရိုက်ကူးရေးရှိသည်ဟု ပြောပြထားသဖြင့် သူတို့လမ်းလျှောက်ရင်း သွားစပ်စုရန်အတွက်ပင်။

ကလေးလှည်းထဲသို့ ထည့်ပြီး အနီးနားရှိ ပန်းခြံလေးနားသို့ ခြေလှမ်းများ ဦးတည်ထားလိုက်လေသည်။ ကလေးတွေကလည်း အပြင်ထွက်လိုက်ရလို့လားမသိ ဟိုငေးဒီကြည့်ဖြင့်။

ပန်းခြံဆိုပေမဲ့ သူတို့အိမ်အနီးနားက ပန်းခြံကတော့ အနည်းငယ်ကျယ်ပြီး ရှုခင်းလှတယ်ပြောရမယ်။ ထို့ကြောင့် အမြဲတမ်း လမ်းလျှောက်၊ ရှုခင်းကြည့် ၊ ဓာတ်ပုံရိုက်ရန်အတွက် လာကြသူများရှိလေသည်။

ယခုလည်း ကြော်ငြာအတွက် outdoor ရိုက်ကူးရေးရှိသည်ဆိုလာသဖြင့် လာရောက်ကြည့်ရှုကြသူများပုံရသည်။

"မင်းသား ညဉ့်ဦးရိမ်မာန် လာမှာတဲ့နော်"

"ငါ့ရဲ့ ကိုကိုလေး"

Twins' Love Season 2 (Completed)Where stories live. Discover now