Unicode
...............လအနည်းငယ်အကြာ အကျဥ်းထောင်တွင်းတစ်နေရာ၌ ထောင်သူထောင်သားများထမင်းစားနေချိန်ဖြစ်သည်။ ထောင်အမှတ်စဉ်အလိုက် သတ်မှတ်ထားသည့် အလုပ်လုပ်ပြီးချိန် သတ်မှတ်ထားသည့် အဆောင်တွင် ထမင်းစားပြီး နားချိန်ယူနေကြခြင်းလည်းဖြစ်သည်။
ထောင်တွင် အယ်လ်ဖာနဲ့ အိုမီဂါဟူ၍ ခွဲခြားထားသော်လည်း တာဝန်ကျချိန်တွင်တော့ သီးသန့်ခွဲခြားသတ်မှတ်ထားခြင်းမရှိပေ။ ထောင်တွင်းဆိုပေမဲ့ နားနေချိန်တွင်တော့ ကန့်သတ်ထားသော ဧရိယာမှလွှဲပြီး မိမိကြိုက်နှစ်သက်သလိုနေနိုင်သည်။
"ဟေ့... အိုမီဂါမ..."
"...."
"ငါတို့ခေါင်းဆောင်က သူ့အတွက် ဆေးလိပ် မင်းကိုသွားယူခိုင်းလိုက်တယ်"
"....."
"မင်း... ငါတို့စကားကို လျစ်လျူရှုတာလား... တောက်ခ်... ဒီခွေးမတော့"
ခတ္တာတစ်ယောက် သူမကိုအလုပ်လာခိုင်းသူအား ဘုကြည့်ကြည့်နေပြီး မည်သည့်စကားမျှမပြောပေ။ ထို့ကြောင့် သူမရှေ့မှထိုလူက စိတ်မရှည်ဟန်ဖြင့် သူမကိုရိုက်နှက်လေတော့သည်။
အရိုက်ခံရတဲ့ ခတ္တာကတော့ အင်အားချင်းမမျှတသဖြင့် ပြန်လည်မခုခံနိုင်ပဲ ငြိမ်ခံနေရသည်။ ဝမ်းဗိုက်ကို အချက်ပေါင်းများစွာ အကန်ခံရပြီး မျက်နှာတွင်လည်း ဖူးယောင်ဒဏ်ရာနဲ့ သွေးစို့နေသောဒဏ်ရာအချို့တို့ ရှိနေလေသည်။
"မင်းပါးစပ်မပါဘူးလား.... ခိုင်းရင် ဟုတ်ကဲ့လို့ ပြန်ဖြေရမှာမဟုတ်ဘူးလား"
"....."
"ဟာ... ကောင်မ... ကဲကွာ"
သူတို့အုပ်စု ခတ္တာကိုအနိုင်ကျင့်နေသည်ကို ဘေးရှိထောင်သားအချင်းချင်းလည်း ဝင်မကူပဲ ရပ်ကြည့်လို့သာနေသည်။ ထောင်ထဲတွင် လူဆိုးသူခိုးများနှင့်သာ ပြည့်နှက်နေသော အလွန်ဆိုးဝါးလှသော ထောင်တစ်ခုပင်ဖြစ်သည်။
ခတ္တာ မိမိရှေ့မှလူကို မျက်လုံးလှန်ကြည့်ကာ ပါးစောင်အတွင်းမှ သွေးများကို ထွေးထုတ်လိုက်လေသည်။
YOU ARE READING
Twins' Love Season 2 (Completed)
RomanceUni ... Pdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ အမြွှာလေးတွေ အဆက်ပါ။ This is my sixth own fiction. ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေ...