Unicode
................ကလေးမွေးဖွားပြီး မကြာသေးသော လင်္ကာသည် ဆေးရုံခန်းတွင် ကောင်းစွာ အနားယူနေခဲ့သည်။ အနားယူသည်ဆိုသော်ငြား သူတစ်ခုခုကိုလည်း တွေးတောနေသေးသည်။ ရှေ့ဆက်သူ့ဘဝကို ဘယ်လိုလုပ်သင့်သလဲ။
လူကြီးပြောသွားပုံအရဆိုရင် သူကလေးအမြွှာလေးနှစ်ယောက်တောင် မွေးဖွားခဲ့သည်ဆိုသည်။ ပုံမှန်ဆိုရင် သူပျော်သင့်လား မပျော်သင့်သလားတောင် မစဉ်းစားတတ်။ မကြာသေးခင်ကမှ သူ့ရဲ့ဖထွေးကိုမြင်တွေ့ခဲ့ရသေးသည်။
သူကဘီတာဖြစ်သည်ဟု သိထားကြတဲ့ မိဘတွေကကော အခုကလေးမွေးထားတဲ့ သူ့အပေါ် ဘယ်လိုတွေမြင်ကြလိမ့်မလဲ။ နဂိုတည်းက broken family ကမွေးဖွားလာသူမို့ မိဘတွေရဲ့ ချစ်ခြင်းကိုမရခဲ့။ ထို့ကြောင့် သူ့စိတ်ထဲ တခြားသူအပေါ် ချစ်ခြင်းကို မည်သို့ထားသင့်မှန်းသူမသိ။
ယခုသူမလိုချင်ဘူးဟု ကြွေးကြော်ခဲ့ကြတဲ့ ကလေးတွေကို သူကိုယ်တိုင် ဝမ်းနဲ့လွယ်မွေးခဲ့ရသည်။ မွေးပြီးတည်းက ကလေးမျက်နှာတွေကို တစ်ချက်တောင် လှည့်မကြည့်ခဲ့တဲ့သူ။
လင်္ကာ မိမိကုတင်ပေါ်ကနေ ခပ်လှမ်းလှမ်းတွင် ခြင်လုံဇကာဖြင့်ကာထားသော ကလေးပုခက်ရှိရာဆီသို့ အကြည့်ရောက်သွားခဲ့သည်။ အနည်းငယ်လှမ်းနေသည်မို့ မမြင်ရတာကြောင့် သူသွားကြည့်သင့်မကြည့်သင့် တွေဝေနေရလေသည်။
ရှင်းရှင်းပြောရရင် လင်္ကာက ကလေးမချစ်တတ်ပေ။ ကိုယ်ဝန်ရှိချိန်တုန်းကဆို ဖျက်ချမည် တကဲကဲလုပ်သည်အထိ သံယောဇဉ်ပြတ်သားခဲ့သည့်သူ။ ခုချိန်မှာ သူထွက်ပြေးရင်တောင် အချိန်မှီသေးသည်မို့ သူသွားသင့်မသွားသင့်လည်း ချင့်ချိန်နေလေသည်။
ယခင်ကဆို ဦးရိပ်က သူ့ကလေးမွေးပြီးရင် ငွေယူပြီးထွက်သွားနိုင်ကြောင်း ပြောထားသည့် စာချုပ်စာတမ်းတွေလည်း ရှိနေသည်မို့လည်းပါမည်။ အယ်လ်ဖာကြီးကကော တကယ်ပဲ ကလေးကိုပြုစုပေးမည်တဲ့လား။
လင်္ကာ့လို သာမာန်အိုမီဂါကမွေးလာသည့် ကလေးကို ဘယ်dominant အယ်လ်ဖာမျိုးက တန်ဖိုးထားမွေးနိုင်မှာလဲ။ ခုခေတ်မိဘမဲ့ဂေဟာရောက်နေကြတဲ့ ကလေးတွေအကုန်လုံးက ဒီလိုသွေးသန့်အယ်လ်ဖာမျိုးတွေ မလိုချင်တော့လို့ စွန့်ပြစ်ရတာတွေပိုများလေသည်။
YOU ARE READING
Twins' Love Season 2 (Completed)
RomanceUni ... Pdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ အမြွှာလေးတွေ အဆက်ပါ။ This is my sixth own fiction. ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေ...