Story 28

455 21 0
                                    

Unicode
................

နိုင်ငံအဝန်း ပျံ့နှံ့သွားတဲ့သတင်းတွေကြောင့် လင်္ကာရဲ့ဖြစ်တည်မှုကို သိရှိသွားသည့် မိဘများသည် မနက်အစောကြီးတည်းက အိမ်ရှေ့တွင် ရောက်နှင့်နေပြီဖြစ်သည်။

"အလင်္ကာမုန်း... မင်းအထဲမှာရှိတာ သိတယ်။ အမြန်ထွက်လာခဲ့ပါ... ငါ မင်းရဲ့အဖေပဲ။ မင်းအမေက မင်းကိုအရမ်းတွေ့ချင်နေတာ"

အသံတစာစာနဲ့အော်ခေါ်နေတဲ့ ထိုသူဟာ တကယ်တမ်းတော့ လင်္ကာ့ဖခင်မဟုတ်တဲ့ ပထွေးဖြစ်သူပင်။အိမ်ပြတင်းပေါက်မှာ ချောင်းကြည့်နေသော လင်္ကာကတော့ ကြောက်ဒူးတုန်နေလေပြီး ထွက်တွေ့ဖို့ရန်ကို ဝန်လေးနေမိသည်။

ဖြစ်ချင်တော့ ဒီနေ့မှ ဦးရိပ်ရဲ့မိဘတွေကလည်း မြေးဖြစ်သူကိုလာတွေ့သဖြင့် ရောက်နေကြပြီး သူ့ရဲ့ညီအစ်ကိုမောင်နှမတွေလည်း ပါလာလေသည်။

"အဲ့လူက တကယ်ပဲ ကိုကိုလင်္ကာရဲ့ အဖေလား"

"ဘယ်လိုလုပ်ရမလဲ။ ဝင်ခိုင်းလိုက်ရမလား"

ငြိမ်သက်စွာ ရပ်နေတဲ့ လင်္ကာက တုန်ရီစွာဖြင့် ဖြေလာသည်က...

"သူ... သူက ကျွန်တော့်အဖေ... အဖေမဟုတ်ဘူး"

"သူ့ကိုလုံးဝဝင်ခွင့်မပေးပါနဲ့"

ဦးရိပ်ကလည်း ပြန်ပြောလာတော့ အကုန်လုံးကလည်း ခေါင်းငြိမ့်ပြလာသည်။ အပြင်မှလူကလည်း အော်ဟစ်နေတုန်း။

"ဟေ့ မင်းမလာရင်တောင် ငါတို့မြေးတွေကိုတော့ ပေးတွေ့သင့်တယ်။ တစ်နိုင်ငံလုံးကလူတွေ မင်းက ကိုယ့်မိဘအပေါ် အကြင်နာတရား ကင်းမဲ့တဲ့ လူဖြစ်စေချင်နေတာလား"

အော်ဟစ်ပြော‌ဆိုသံတွေက ပတ်ဝန်းကျင်ကို ထိခိုက်လာမည်ဆိုတာ သိတာမို့ လက်ခံတွေ့ဆုံရန် သဘောတူလိုက်တော့သည်။ ဒယ်ဒီမင်းစစ်က သူကြည့်မေးလိုက်မည်ဆိုတာကြောင့် ဝင်ခွင့်ရသွားခဲ့လေသည်။

လင်္ကာ့ကိုတော့ ခေတ္တရှောင်ခိုင်းထားလိုက်ပြီး လူကြီးချင်းစကားပြောကြည့်ရန်ဆုံးဖြတ်လိုက်ကြသည်။

"ကျုပ်သားကိုကျုပ်လာတွေ့တာ။ သူအခုဘယ်မှာလဲ"

"အဟမ်း... လင်္ကာကခ‌ဗျားကိုမတွေ့ချင်ဘူးပြောတယ်။ ပြီးတော့ ခဗျားက သူ့အဖေအရင်းလည်းမဟုတ်ဘူးဆို"

Twins' Love Season 2 (Completed)Where stories live. Discover now