Unicode
................"ဝိုး.... ဝေါင်း....အင်ကြင်းနဲ့ သစ္စာတို့ အမြန်လာကြလေ။ အစ်ကို ပင်ဂွင်းတွေကို အရင်ကြည့်မှာနော်"
"အွင်း... အွင်း.. ကျွန်တော်လည်း ပင်ဂွင်းပဲ အရင်ကြည့်မှာ စီနီယာ"
"ပင်ဂွင်းဖန်တွေ လာတွေ့နေတယ်နော်"
"ဟဲဟဲ... အရမ်းချစ်စရာကောင်းတာကိုးလို့"
"ထောက်ခံတယ်"
အတိုင်အဖောက်ညီကာ နှစ်ဦးတည်းတစ်ကမ္ဘာဖြစ်နေကြသော အိုမီဂါလေးတွေ။ လင်္ကာ ယခု ငါးပြတိုက်ဆိုသောနေရာကို ရောက်နေခြင်းဖြစ်သည်။ ငါးပြတိုက်ကို တစ်သက်မှာ တစ်ခါမျှရောက်ဖူးခြင်းမရှိသလို အားလျှင်တောင် တစ်ခါမျှလည်း မလာဖြစ်ခဲ့။
ယခင်ကဆို အလုပ်နဲ့အိမ်၊ အိမ်နဲ့အလုပ်တွေချည်း ထပ်နေသည်မို့ သူ့မှာနားချိန်လေးတွင် အိပ်စက်ခြင်းနဲ့သာ အချိန်ကုန်လွန်သွားခဲ့သည်။ ယခုတော့ ဦးရိပ်၏ခွင့်ပြုချက်ဖြင့် လင်္ကာတို့ သူငယ်ချင်းတစ်သိုက် ငါးပြတိုက်သို့လာခဲ့ခြင်းဖြစ်သည်။
သူ့ကိုစိတ်မချသဖြင့် ဘောဒီဂတ်တွေလွှတ်ထားသည်ကို သ်ိသော်လည်း မသိချင်ယောင်ဆောင်ထားရသေးသည်။ ဘောဒီဂတ်ကို အနည်းဆုံး နှစ်မီတာအကွာကနေသာ စောင့်ကြည့်စေသည့်ကတိရမှသာ ဦးရိပ်ကခွင့်ပြုလေတော့လည်း လင်္ကာမတတ်နိုင်ပဲ လက်ခံလိုက်ရသည်။
အင်း... ထိုလူတွေရှိခြင်းကို သူ့ရဲ့ ငတုံးသူငယ်ချင်းလေးနှစ်ယောက်က သိနိုင်မည်လည်းမထင်ပေ။
"စီနီယာ... ကျွန်တော်တို့ လက်မှတ်အရင်ဖြတ်ရအောင်။ ခဏနေရင် လူတွေများလာတော့မှာ"
"အင်း..."
"အင်ကြင်းက ငါတို့စားဖို့ မုန့်တွေဝယ်လာခဲ့လိုက်"
"အိုကေပါရှင့်"
တာဝန်အသီးသီးခွဲဝေပေးပြီးနောက် နှစ်ဖက်ခွဲကာ ထွက်လာလိုက်သည်။
ခန်းမထဲရောက်ပြီး မကြာခင်မှာပင် ပင်ဂွင်းရှိုးပွဲကြီးက စတင်တော့မည်ဖြစ်သည်။ ပထမဦးဆုံး လင်းပိုင်တွေနဲ့ ဖျော်ဖြေပြီးနောက် main show ဖြစ်သည့် ပင်ဂွင်းရှိုးကတော့ နောက်တစ်ပိုင်းတွင်ပြသလေသည်။
YOU ARE READING
Twins' Love Season 2 (Completed)
RomanceUni ... Pdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ အမြွှာလေးတွေ အဆက်ပါ။ This is my sixth own fiction. ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေ...