Story 19

504 24 3
                                    

Unicode
.................

နောက်တစ်နေ့တွင် ဦးရိပ်၏ dating news ထွက်သည့်ကိစ္စသည် သတင်းအမှားဖြစ်ကြောင်း အေဂျင်စီဘက်မှ ထုတ်ပြန်လိုက်သဖြင့် တစ်ဖက်က မော်ဒယ်ပင် ဘာမှမလှုပ်ရှားလိုက်ရပဲ ပွဲပြီးသွားခဲ့လေသည်။

ပရိသတ်အချို့‌ကတော့ xx group တွေပေါ်မှာ ပြောထားသည်က ထို ဘီတာ မော်ဒယ်မလေးဘက်က ဦးရိပ်နားတမင်သတ်သတ် ချဉ်းကပ်ခဲ့ကြောင်းနဲ့ ပြောဆိုနေကြလေသည်။ ဘယ်ဟာကအမှန်၊ ဘယ်ဟာကအမှားမှန်း မသိသော်လည်း fan တွေအချင်းချင်းတော့ စစ်ပွဲတွေဖြစ်ကုန်တာတော့ အမှန်ပင်။

လင်္ကာကျောင်းလာသည့် အချိန်တွင်လည်း သစ္စာကထိုအကြောင်းတွေပဲ ပြောနေကြသည်။ လင်္ကာကတော့ ထိုအကြောင်းတွေကို ပြုံးပြုံးကြီးသာ နားထောင်ပေးလိုက်သည်။

"စီနီယာ သိလား... ကျွန်တော်လေ အဲ့ကောင်မဖန်တွေကို လုပ်ချင်တာဆိုတာ ‌မပြောနဲ့။ ရာရာစစ ကျွန်တော့်မင်းသားလေးကိုလေ ပြောဆိုနေတာ"

"အင်း... "

လင်္ကာက အအေးလေးသောက်ရင်း သစ္စာပြောသမျှ ခေါင်းလိုက်ငြိမ့်ပေးရှာသည်။ အင်ကြင်းလည်းထို နည်း၎င်းပင်။

"ဘာပဲဖြစ်ဖြစ် ကျွန်တော့်မင်းသားလေး မိန်းမမယူသေးတာပဲ ကျေနပ်နေပြီ။ မတော်တရော်တွေနဲ့ ညားမှာပဲ စိုးရိမ်နေတာ "

"အစ်... အဟွတ် အဟွတ်"

"စီနီယာ ရရဲ့လား။ အအေးသီးသွားတာထင်တယ်... ဖြည်းဖြည်းသောက်မှပေါ့ဗျာ။ ရော့ ရေလေး နည်းနည်းသောက်လိုက်"

"အဟွတ်... ဟွတ်... ရတယ်"

ထိုအခါသူ့နားထဲသို့ အသံတစ်ခုကြားလိုက်ရသည်။

"မုန်း.. အဆင်ပြေရဲ့လား"

"ရတယ်..... ရတယ်"

"ရှင်ဘာလာလုပ်ပြန်တာလဲ။"

ထိုလူကိုမြင်တော့ သစ္စာက အင်ကြင်းနားတိုးကပ်သွားလေသည်။ လင်္ကာကတော့ လင်းသီဟအနားမှာပင် ရှိလေသည်။

"ငါ့ငါ ဘယ်နားလာလာပေါ့။ မင်းဆီလာတာမှမဟုတ်တာ။ မုန်းဆီလာတာ"

"ရှင်..."

"တော်ပါတော့... ကျုပ်အဆင်ပြေတာမို့ ထပ်ရန်မဖြစ်ကြနဲ့တော့"

Twins' Love Season 2 (Completed)Where stories live. Discover now