Unicode
................လင်္ကာဆေးရုံတွင် ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်းတွေလုပ်လာသည်မှာ တစ်လပင်ကြာသွားခဲ့လေပြီ။ သူ့ဆီအမြဲတမ်းလာနေတဲ့ ဦးလေးကြီးပြောပုံအရ လင်္ကာက အိုမီဂါဖြစ်တဲ့အပြင် သူနဲ့လည်း လက်ထပ်ထားလို့ ကလေးတောင် နှစ်ယောက်ရှိတယ်ဆိုပဲ။
သူယုံပင်မယုံနိုင်ခဲ့။ ဘာလို့ဆို သူက အခုမှ တက္ကသိုလ် တက်နေတုန်း ကျောင်းသားတစ်ယောက် မဟုတ်ပေဘူးလား။ ဘာလို့များ လင်နဲ့ သားနဲ့တွေ ဖြစ်ကုန်ရတာလဲ။
ပြီးတော့ပြောသေးတယ် တက္ကသိုလ်လည်း တက်ပြီးလို့ ဘွဲ့တောင်ရပြီးပြီဆိုပဲ။ အချိန်တွေက အဲ့လောက်တောင် ကွာခြားကုန်တာလား။ ဒါ့အပြင် သူက ပထွေးဖြစ်သူ၏ မသမာလုပ်ကြံမှုကြောင့် ကိုမာဝင်တာ တစ်နှစ်ကျော်ကြာပြီး ယခု အတိတ်ပါမေ့သွားလို့ မမှတ်မိတော့တာတဲ့လေ။
လင်္ကာ့ကို ဒါမျိုးလာပြောတော့ လုံးဝကို ယုံချင်စရာပင်မရှိ။ စဉ်းစားကြည့်လေ... သူ့လို အိုကြီးအိုမနဲ့လူက လင်္ကာ့လို နုနုထွဋ်ထွဋ်ချောချောလေးကို လက်ထပ်ထားတာ ပိုလို့မဖြစ်နိုင်ဘူး... လူကို ယုံမယ်များမှတ်နေတယ်။
ဒီကသူ့ကို မြင်ရင်ပိုဝောာင် အမြင်ကတ်သေးတယ်။ ပြီးတော့ သူ့ဘေးနားကတစ်ယောက် မီးသီးဆိုလား မီးညိုဆိုလား... အဲ့တစ်ယောက်လည်း ကြည့်လို့မရဘူး။ လူကိုမြင်တိုင်း မျက်စောင်းတခဲခဲနဲ့။ ဒီကလည်း ဂရုစိုက်မနေပါဘူးနော်... ဟွန့်။
ထိုအချိန် သူရှိရာဆီသို့ အပြေးလေးရောက်လာသည့် ဦးရိပ်။
"ဆရာမ... သူအဆင်ပြေရဲ့လား။ "
"ရတယ်ရှင့်... လူနာက ကြိုးစားမှုရှိတော့ မကြာခင် လမ်းကောင်းကောင်းလျှောက်နိုင်သွားလောက်တယ်။ စိတ်မပူနဲ့နော်"
"ဟုတ်... လင်္ကာ... ကိုယ်ကူတွဲပေးရမလား"
"မလိုပါဘူး"
လင်္ကာ့လက်ကို လှမ်းဆွဲမည်အပြု ရှောင်တိမ်းလိုက်တာကြောင့် မကိုင်ပေးဖြစ်။ လေ့ကျင့်ခန်းလုပ်ပြီးတော့ သူ့အခန်းသို့သာ ပြန်လာခဲ့ကြသည်။ ဝှီးချဲပေါ်က ကောင်လေးကတော့ သူအနောက်ကတွန်းပေးမှုကို မခံချင်သည့်အလား ကိုယ့်ဘာသာကိုယ် တွန်းသွားလေသည်။
YOU ARE READING
Twins' Love Season 2 (Completed)
RomanceUni ... Pdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ အမြွှာလေးတွေ အဆက်ပါ။ This is my sixth own fiction. ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေ...