Unicode
................လင်းသီဟ မိမိရှေ့မှ ရပ်နေသောသူကို မျက်လုံးပင့်ကြည့်လိုက်တော့ မြင်လိုက်ရသည့် ထိုလူ။
"ဟင်... ခဗျား..."
"......"
"ခဗျား... ဟိုတစ်ယောက်ရဲ့ နောက်လိုက်ဂွေးလေး... အေ့.."
လင်းသီဟ မူးမူးရူးရူးနဲ့ စကားတွေတောင်မပီသတော့ချေ။ ပြောချင်သည်ကတစ်မျိုး ထွက်သွားတော့တစ်မျိုး ဖြစ်နေလေသည်။ ဒါကို ရှေ့မှလူက မျက်နှာကြီးနီရဲသွားကာ ဒေါသအဟုန်ဖြင့် ပိတ်ပြောလေတော့သည်။
"ီးကို နောက်လိုက်ဂွေး... မင်းပဲ အဲ့ဂွေးနောက်လိုက်"
"ဟ... ဆောရီး... ဆောရီး... ကိုယ်စကားပြောလောသွားတယ်။ နောက်လိုက်ဂွေး မဟုတ်ဘူး နောက်လိုက်ခွီး"
"ဘာဗျ..."
မိုးညိုစေ မိမိရှေ့ကလူရဲ့ နားရွက်ကို အားကြီးနဲ့ဆွဲချလိုက်တော့သည်။
"အားးး... နာတယ်... နာတယ်လို့။"
"နာတော့ ဘာဖြစ်လဲ... နာအောင်လုပ်တာပဲလေ.. နာမှာပေါ့"
"ဒီမှာ မင်းကဘာမို့လို့ ငါ့ကိုလက်ပါနေရတာလဲ။ ဆိုင်မန်နေဂျာ ဘယ်မှာလဲ ဆိုင်မန်နေဂျာ ခေါ်ပေး"
"အေး... မင်းခေါ်နေတဲ့ မင်းအဖေက ငါပဲ"
လင်းသီဟ နားရွက်ကလေးကို လက်နဲ့အုပ်ရင်း မိုးညိုကို မော့ကြည့်လိုက်သည်။ မိုးညိုကတော့ Devil' smile ကြီးနဲ့ လက်သီးလက်မောင်းတန်းကာ လင်းသီဟကို ပြန်ကြည့်လာသည်။
"ခ... ခဗျားက ဒီဆိုင်ကမန်နေဂျာပေါ့"
"ဟုတ်တယ်..... ငါ့ဆိုင်လာပြီး ငါ့ကိုလည်း စော်ကားသေး ပြီးတော့ ငါ့ဆိုင်ကပစ္စည်းတွေလည်း လျှောက်ခွဲနေတာ မလွန်လွန်းဘူးလား။ မင်းကိုယ်မင်း ဂရုမစိုက်တာ အရေးမကြီးဘူး။ မင်းရဲ့အရေးမပါတဲ့လုပ်ရက်ကြောင့် ငါ့ဆိုင်တော့အထိခိုက်မခံနိုင်ဘူး"
ပြောချင်တာက ပါပါရာစီတွေလာမည်ဆိုး၍ ပြောခြင်းဖြစ်သည်။ လင်းသီဟလည်း မိမိရှေ့မှ ငစွာကောင်လေးကြောင့် အမူးပင်ပြေချင်သွားသည်။ သို့သော် ထိုဘီတာကောင်လေးရှေ့မှာ ပြားပြားဝပ်မနေချင်တာမို့ အယ်လ်ဖာဂုဏ်သိက္ခာကိုထိန်းရင်း ချောင်းတစ်ချက်ဟန့်ကာ ထိုင်ရာမှထရပ်လိုက်လေသည်။
YOU ARE READING
Twins' Love Season 2 (Completed)
RomantikUni ... Pdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ အမြွှာလေးတွေ အဆက်ပါ။ This is my sixth own fiction. ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေ...