Unicode
................ရက်သတ္တပတ်အနည်းငယ်အကြာတွင် သစ္စာတို့မှာ လင်္ကာ့အိမ်သို့ အလည်လာကြလေသည်။ သစ္စာကတော့ အိမ်ကြီးကိုကြည့်ကာ အတက်ကြွဆုံးဖြစ်လို့နေပြီး ဦးရိပ်က အိပ်ဦးခန်းတွင်ချိတ်ထားသည့် သူတို့၏မင်္ဂလာဆောင် ဓာတ်ပုံကြီးကိုကြည့်ပြီး အားကျသဘောကျလို့နေသည်။
"အားးး ချစ်တတ်လိုက်တာ မင်းသားလေးက"
"မကြည့်နဲ့တော့... တကယ်ပဲ အဲ့ဟာကြီးကို မချိတ်နဲ့ ပြောတာကို စွတ်ချိတ်ထားတာ"
ဟု ရှက်ရှက်နဲ့ ပြန်ဖြေလာသည်။
"စီနီယာ.... သားသားနဲ့ မီးမီးလေးတို့ကော"
"ရှိတယ်... အခန်းထဲမှာ ဆော့နေလို့။ ကျုပ်သွားခေါ်ပေးမယ်"
"ဟုတ်"
သစ္စာတို့နှစ်ယောက် ဧည့်ခန်းထဲတွင် ထိုင်စောင့်နေချိန် ဦးရိပ်က အအေးဗန်းလေးကိုင်ကာ အိမ်ရှေ့သို့ထွက်လာလေသည်။
"သုံးဆောင်ပါဦး..."
"ဗျာ... ဟုတ်... ဟုတ်ကဲ့"
သစ္စာရဲ့ ကိုယ်လေးသည် ထိုင်နေရာမှ တောင့်တောင့်ကြီးဖြစ်သွားကာ စကားတွေတောင် ထစ်ကုန်လေပြီဖြစ်သည်။ အင်ကြင်းလည်း ကိုယ်ကိုမတ်ထားကာ မျက်နှာပိုးသတ်ထားရလေသည်။ အဘယ်ကြောင့်ဆိုသော် မိမိရှေ့မှ အယ်လ်ဖာကြီးသည် သူမထက် အင်အားကြီးသည့်ပုံစံပေါက်နေခြင်းကြောင့်ဖြစ်သည်။
"ကိုယ့်အိမ်လို သဘောထားပြီး သက်တောင့်သက်သာနေကြနော်"
"ဟုတ်ကဲ့.... ဟို ကျွန်တော်က မင်းသားရဲ့ဖန်ပါဗျ။ Sign လေးရနိုင်မလားဗျ"
ဟုမေးလာတော့ ဦးရိပ်ကခေါင်းငြိမ့်ကာ သဘောတူလိုက်သည်။
"ဘယ်နားထိုးပေးရမလဲ"
"ဟို ဖြစ်နိုင်ရင် ဒီမှာထိုးပေးလို့ရမလားဗျ"
ဟုပြောပြီး သစ္စာက သူ့အပေါ်အင်္ကျီကိုချွတ်ကာ အနောက်လှည့်ပေးလိုက်သည်။ ဆိုလိုချင်တာက သူ့ရဲ့ကိုယ်ပေါ်ကဝတ်ထားသည့် တီရှပ်အဖြူပေါ်မှာ ထိုးစေချင်ပုံရသည်။ ဦးရိပ်လည်း ပြုံးလိုက်ပြီးနောက် သဘောတူလိုက်လေသည်။
YOU ARE READING
Twins' Love Season 2 (Completed)
RomanceUni ... Pdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ အမြွှာလေးတွေ အဆက်ပါ။ This is my sixth own fiction. ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေ...