Unicode
................ကျောင်းတက်ရက်တိုင်း အင်ကြင်းက သစ္စာကို ပန်းလေးတွေ တစ်ပွင့်ဆီ ပေးပေးတတ်သည်။ တစ်နေ့တစ်မျိုး မရိုးနိုင်အောင် ပေးတတ်တာကြောင့် သစ္စာလည်း ရှက်ရှက်နဲ့ပင် ယူထားရသည်။
သူမနည်းတူပင် သစ္စာ၏သူငယ်ချင်းဖြစ်သူ အောင်မင်းသူရိန် ကလည်း သစ္စာကို သဘောကျနေသည်တဲ့လေ။ သစ္စာမှာတော့ ဒီနှစ်ယောက်ကြားဗျာများခဲ့ရတာ။ လောလောဆယ်တော့ သူတို့သုံးယောက်က ကျောင်းမှာတတွဲတွဲပေမို့ လူတိုင်းကလည်းအကြောင်း သိနေကြပြီလေ။
"သစ္စာ... ဒီနေ့အတွက်"
"ဟင်... ဒါဘာပန်းကြီးလဲ"
"အဲ့ဒါ ကိုယ်လေ"
"ဟမ်"
"အင်ကြင်းလေ... အင်..ကြင်း..ပန်း"
"ရုပ်ဆိုးဆိုးနဲ့... "
"အင်း... ကိုယ်နဲ့တူတယ်လေ"
"ဟင်း... ဟုတ်ပဲနဲ့"
ဟုပြောကာ အင်ကြင်းမျက်နှာလေးကို ကြည့်လိုက်တဲ့သူ။ အင်ကြင်းကလည်း သစ္စာကို ခပ်ရေးရေးလေးပြုံးပြလိုက်သည်။
"ဒါပေမဲ့ မွှေးတယ်ရယ်... ကျွန်တော်တော့ကြိုက်တယ်"
"ဒါဆို ကိုယ့်ကိုအဖြေပေးလိုက်တာလား"
"ဟမ်... ဘာဆိုင်လို့လဲဗျ"
"ဆိုင်တာပေါ့ဗျ။ ကိုယ်လည်း အင်ကြင်း၊ သူလည်းအင်ကြင်းလေ။ အဲ့တော့ သူ့ကိုကြိုက်တာနဲ့ ကိုယ့်ကိုကြိုက်တာ တူတူပဲပေါ့"
"ဟင်.. ဟုတ်ဘူးလေ။ ကျွန်တော်က ဒီပန်းလေးပဲကြိုက်တာလေ"
"အင်းလေ တတူတူပဲလေ"
"မတူဘူးလေ"
"တူတူမတူတူကွာ... သစ္စာပြောပြီးစကားအတည်ပဲ။ ကိုယ်လည်းအင်ကြင်းသူလည်းအင်ကြင်းပဲ အင်ကြင်းချင်းတူတူ ခွဲခြားခွဲခြား မလုပ်ရဘူးလေ ဘေဘီရဲ့။ အဲ့တော့ ဒီနေ့ကစပြီး သစ္စာက ကိုယ့်ရဲ့ချစ်သူပဲ"
"ဟင်... မဟုတ်ဘူးလေလို့... အင့်"
အင်ကြင်းက တဇွတ်ထိုးပြောကာ သစ္စာကိုယ်လေးကို သိမ်းဖက်လိုက်သည်။ ပြီးနောက် နူးညံ့လှတဲ့ ပါးပြင်ကို တစ်ချက်နမ်းရှိုက်လိုက်လေသည်။ သစ္စာကတော့ သူမရဲ့ အနမ်းကြောင့် ရင်ထဲတလှပ်လှပ်ပင်။
YOU ARE READING
Twins' Love Season 2 (Completed)
RomansaUni ... Pdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ အမြွှာလေးတွေ အဆက်ပါ။ This is my sixth own fiction. ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေ...