Unicode
.................ကျောင်းတက်ရက်သို့ ပြန်ရောက်လာခဲ့ပြီး လင်္ကာတို့အုပ်စု ကန်တင်းမှာ စကားစမြည် ပြောနေကြလေသည်။
" အွန်းးးး ကျောင်းကပြန်တက်ရပြန်ပြီ။ ပိတ်ရက်ကြီးက ဘာမှမဟုတ်သလိုကြီးပဲ"
"အင်း....ပိတ်ရက်မှာ ဘာလုပ်နေလို့လဲ။"
"ကျွန်တော်တို့နှစ်ယောက် တစ်ဖက်က Cမြို့ကို သွားလည်ကြတယ်လေ။ အဲ့မှာလေ ဆိုင်လေးတစ်ဆိုင်ရှိတယ်သိလား။ ဈေးလည်းသက်သာတယ်၊ အမဲသား steak တွေလည်း စိတ်ကြိုက်စားလို့ရတယ် သိလား စီနီယာ။
စီနီယာကော ဘယ်တွေသွားပြီး ဘာတွေလုပ်ဖြစ်လဲ"
"ဒိီတိုင်း အိမ်နားက ပန်းခြံမှာပဲ ဟိုနားဒီနား လမ်းလျှောက်"
"ဟွန်း... ပျင်းစရာကြီးဗျာ... Picnic ထွက်တာလား။ တစ်ယောက်တည်းလား "
"သုံးယောက် တူတူသွားတာ"
"ဪ... မိသားစုတွေနဲ့လား"
"အင်း"
အအေးလေး တစ်ငုံသောက်လိုက်ပြီးနောက် ပြန်ဖြေလာသည့် လင်္ကာ။
"ဒါနဲ့လေ ဟိုသတင်းကြားပြီးပြီလား"
"ဘယ်သတင်းလဲ"
"ဟိုမင်းသားလေဗျာ ညဉ့်ဦးရိပ်မာန်လေ။ သူ့ရဲ့dating news တွေပလူကိုပျံလို့။ ပြောပြချက်အရတော့ သူနဲ့တစ်စုံတစ်ယောက် ချိန်းတွေ့နေတယ်ပြောကြတာ။ အမည်မသိလူတစ်ယောက်ရဲ့ ပြောပြချက်အရ အဲ့မင်းသားရဲ့ ရည်းစားက သူ့ကိုအသေနိုင်တယ်ပြောတယ်။
တစ်ချို့ ဖန်တွေဆို အဲ့အိုမီဂါကို ဆဲနေကြတာအရမ်းပဲ။ အားလုံးကလည်း သိချင်နေကြတယ်လေ။ ဒါပေမဲ့ ဒီမနက်တော့ အဲ့မင်းသားနဲ့ ဆင်တူလက်စွပ် ဝတ်ထားကြတဲ့ ဘီတာမော်ဒယ်လ်လေးဆိုပြီး သတင်းတွေ ထပ်တက်လာသေးတယ်။
အကုန်လုံးကလည်း အဲ့သတင်းမှန်မမှန် ခန့်မှန်းနေကြပြီးတော့ မင်းသားဘက်ကလည်း ဘာထုတ်ပြန်ကြေညာချက်မှလည်း မထုတ်ပြန်ဘူးဆိုတော့ သူတို့နှစ်ယောက်ကို တွဲနေတာဖြစ်နိုင်ချေ များတယ်ဆိုပြီးပြောဆိုနေကြသေးတာ"
"ဪ..."
"ဟင်း... စီနီယာကလည်း ကျွန်တော် ပြောပြတာကို သေချာလည်း နားမထောင်ဘူး။ ပျင်းတိပျင်းရွဲနဲ့"
YOU ARE READING
Twins' Love Season 2 (Completed)
RomantikUni ... Pdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ အမြွှာလေးတွေ အဆက်ပါ။ This is my sixth own fiction. ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေ...