Unicode
................"ပေပေ့"
"ပြောပါ ချစ်တုံးလေး။ ဘာလိုချင်ပြန်ပြီလဲ"
"အာ.. အာ..."
လက်ညှိုးလေးတထိုးထိုးနဲ့ သူနဲ့အလှမ်းဝေးနေတဲ့ ကစားစရာအတုံးလေးကို ယူခိုင်းနေလေသည်။ လင်္ကာလည်း လှမ်းယူပေးကာ သွန်းရိပ်လေးဘေးနား ချပေးထားလိုက်သည်။
သားနဲ့သမီးလေးက ဝယ်ပေးထားသည့် အရုပ်ဆက်သည့်အတုံးလေးတွေကို လွန်စွာစိတ်ဝင်စားလို့နေပြီး နေ့တိုင်း မငြီးငွေ့ပဲ ဆော့လေ့ရှိသည်။ လွှမ်းရိပ်နဲ့ သွန်းရိပ်တို့က ခုဆို လမ်းလျှောက်တတ်ပြီး ပြေးပင်ပြေးနေသေးသည်။
သွားပေါက်သည့်အရွယ်ဖြစ်သဖြင့် ထမင်းပျော့တွေ ကျွေးလို့ရနေပြီလည်းဖြစ်သည်။ ကလေးတွေကတော့ ကျွေးသမျှ အရသာသစ်တွေကို လွန်စွာနှစ်ခြိုက်တတ်ပြီး အစားအသောက်စားချိန်ဆို အမြဲတမ်းပြုံးပျော်လေ့ရှိသည်။
ယခုတလော ဦးရိပ်၏ကျော်ကြားမှုက ပို၍ပင်တိုးလာလေပြီး အလုပ်တွေလည်းပိုရှုပ်နေကာ လင်္ကာတို့သားအဖနှင့် မတွေ့ရသည်အထိ ကြာမြင့်လာခဲ့ရလေသည်။ အကြောင်းမှာ ဦးရိပ်က ညဉ့်နက်သန်းခေါင်ကျော်မှ ပြန်လာတတ်ပြီး ထိုအချိန်ဆိုရင် လင်္ကာတို့သားအဖလည်း အိပ်မောကျနေချိန်ဖြစ်တာကြောင့်ပင်။
နောက်ပြီး မနက်ဆိုလျှင်လည်း ဦးရိပ်က စောစောထကာ ရိုက်ကွင်းသွားလေတာမို့ မတွေ့ဖြစ်ကြတာ မဆန်းတော့။ ကလေးတွေကလည်း သူတို့ဒယ်ဒီကို လွမ်းနေကြပြီဖြစ်ပြီး လင်္ကာ့မှာတော့ သူတို့လေးတွေ အလွမ်းပြေအောင် ဦးရိပ်ရဲ့ ရုပ်ရှင်တွေကို ဖွင့်ပြပေးနေရသည်။
သူတို့သားအဖတွေ မတွေ့ရသည်မှာ နှစ်လကျော်လောက်ရှိနေပြီး လင်္ကာကတော့ အဘယ်ကြောင့် ဤမျှလောက် ကြိုးစားနေသည်ကိုလည်း သူနားမလည်နိုင်ပေ။ ပုံမှန်ဆိုလျှင် သူတို့အတွက်လည်း အချိန်ပေးသင့်သည်မဟုတ်ပါလား။ ခုတော့ တစ်နေ့လာလည်း အလုပ်၊ အလုပ်နဲ့ပင် အချိန်ကုန်နေတာတော့ မဖြစ်သင့်ဟု သူခံယူထားမိသည်။
"ဟူး.... ပျင်းသေတော့မှာပဲကွာ... ဘေဘီတို့ကော မပျင်းကြဘူးလား။"
YOU ARE READING
Twins' Love Season 2 (Completed)
DragosteUni ... Pdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ အမြွှာလေးတွေ အဆက်ပါ။ This is my sixth own fiction. ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေ...