Unicode
................ခရစ်စမတ်နေ့မှစတင်ပြီး ပျောက်သွားသော ဦးရိပ်။ New year နေ့ထိ ပြန်ပေါ်မလာသေးချေ။ သူဖုန်းဆက်တိုင်း မအားသေးလို့ဆိုကာ သူ့လက်ထောက်ဆိုသူဆီကသာ ပြန်ကြားခဲ့ရသည်။
ဘာလို့များလဲ... အကြောင်းပြချက်ကဘာလဲ။ အမှန်ပြောရရင် သူတို့နှစ်ယောက်က လက်ထပ်ထားကြတဲ့ ပါတနာတွေမဟုတ်ဘူးလား။ ဘာလို့များ ကိုယ့်ပါတနာကို ကိုယ်တိုင်မပြောနိုင်လောက်တဲ့အထိ အလုပ်များနေတာတော့ မဖြစ်နိုင်ဘူးမဟုတ်လား။
မဟုတ်မှ ထုံးစံအတိုင်း နှစ်ကာလကြာညောင်းလာပြီမလို့ သူ့ကိုစွန့်ပြစ်ချင်နေတာလား။ သူ့မိဘတွေလိုမျိုးလေ... အချင်းချင်း ယူတုန်းကယူကြပြီး နောက်ဆုံတော့ စွန့်ခွာသွားကြတာလေ။ ဟင့်အင်း သူခုလိုမျိုးတော့ အဖြစ်မခံနိုင်ပါဘူး။
ဒီအကြောင်းကို သိရအောင်တော့ သူစုံစမ်းရဦးမည်လေ။ သူတို့နှစ်ယောက်က နှစ်ဦးသဘောတူလက်ထပ်ထားကြပေမဲ့ အယ်လ်ဖာကြီးက သူ့လိုအိုမီဂါနဲ့ bondဖြစ်သည့်တိုင်အောင် ယှက်နွယ်ခြင်းရှိသေးပုံမပေါ်။
ထို့ကြောင့်ပဲ အလွယ်တကူ စွန့်လွှတ်ဖို့ ကြံစည်လေသလား။ သူ့ရဲ့လည်တိုင်တွင် ကိုက်ရာလေးတစ်ခုရှိနေရုံမှအပ တခြားမည်သည်မျှ ခံစား၍မရ။ ဒါဆို သူတို့နှစ်ယောက်သား သွေးသားဆန္ဒကို ဘယ်လိုဖြေရှင်းကြသလဲ သူမသိ။ သူ့မှတ်ဉာဏ်တွေကလည်း အလုံးစုံမမှတ်မိသေးသော်လည်း အနည်းငယ်တော့ မှတ်မိနေလေပြီ။
သူမှတ်မိရသလောက် ဦးရိပ်ကအတော်ထိန်းချုပ်နိုင်တဲ့သူလို့ ပြောလို့ရမယ်။ အိုမီဂါဖြစ်တဲ့ သူ့ကိုဦးစားပေးတဲ့အပြင် တစ်လတစ်ကြိမ်လာသည့် သူ့ရဲ့ heat cycle အတွက်လည်း ဂရုတစိုက်ပြုစုပေးသည်။
သို့သော် အယ်လ်ဖာတွေရဲ့ Rut ကာလကြောင့် ဖြတ်သန်းရသည်ကိုတော့ သူ့မှတ်ဉာဏ်ထဲတွင်မရှိ။ ဦးရိပ်ရဲ့ Rut ကာလကို ဘယ်ချိန်လာမှန်းလည်း သူမသိ။ ထို့ကြောင့် သူတို့နှစ်ယောက်ရဲ့ ယှက်နွယ်မှုက အေးတိအေးစက်နိုင်လွန်းလို့ပဲလား ဆိုတာ စဉ်းစားရမည့်အချက်ပင်။
လင်္ကာခေါင်းကို တဗျင်းဗျင်းကုတ်၍ စဉ်းစားခန်း ဝင်နေလေသည်။ နောက်ဆုံးတော့ ကိုမိုးညိုဆိုသူပေးထားတဲ့ လိပ်စာကဒ်နဲ့ လူကြီးရဲ့ ကုမ္ပဏီသို့သွားရန် ဆုံးဖြတ်လိုက်တော့သည်။
YOU ARE READING
Twins' Love Season 2 (Completed)
RomanceUni ... Pdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ အမြွှာလေးတွေ အဆက်ပါ။ This is my sixth own fiction. ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေ...