Unicode
................အင်ကြင်း၏ရန်လိုမှုကြောင့် သူရိန်တစ်ယောက် အနေအစားကျပ်တည်းနေရသည်။ မကျပ်ရိုးလား တစ်နေကုန် မျက်ထောင့်နီကြီးဖြင့် ကြည့်လိုကြည့်၊ မာန်ဖီလိုဖီနှင့် သူ့မှာ သစ္စာအနားထိုင်ရတာတောင် ခပ်ကြောက်ကြောက်ရယ်။
ဒါနဲ့ သူမရဲ့ အပြုအမူကလည်း တစ်စုံတစ်ယောက်နဲ့ တူသလိုလို။ ဘယ်သူနဲ့တူမှန်းလည်း သူမခန့်မှန်းတတ်။ ထို့ကြောင့် တိတ်တဆိတ်သာ အကဲခတ်လို့နေမိသည်။
"ဒါလင်... နေ့လည်ကန်တင်းသွားရင် ကိုယ်လည်းလိုက်ခဲ့မယ်နော်"
"အွန်း.. လိုက်ခဲ့လေ"
"ဟန်နီ"
"ဗျာ..."
"ဟန်နီလို့ခေါ်လေ"
"ဪ... အင်း... ဟန်.. ဟန်နီ"
"ရှင်..."
ဟု ထူးလိုက်တော့ သစ္စာမျက်နှာလေးသည် စတော်ဘယ်ရီသီးလေးကဲ့သို့ နီမြန်းလို့သွားခဲ့သည်။
"ဒါနဲ့ ဒီဘက်က ဟန်နီရဲ့ နာမည်အပြည့်အစုံက နှစ်လုံးတည်းလားဗျ"
ဟု သူရိန်ကပြောတော့ အင်ကြင်းမျက်မှောင်လေးကျုံ့ကာ...
"ဒီမှာ...!! ဟန်နီဆိုတာ ဒါလင့်အတွက် သီးသန့်အခေါ်အဝေါ်တစ်ခုပဲ။ ရှင်ခေါ်ချင်ရင် တစ်ခြားလိုခေါ်"
"ဘယ်လို... ဒါဆို ကျွန်တော်က ဘယ်လိုခေါ်ရမှာလဲဗျ။ ခဗျားကနာမည်လည်း မမိတ်ဆက်ပဲနဲ့"
"အဟမ်း... ကျွန်မနာမည် အင်ကြင်းသဒ္ဒါ... စီးပွားစီမံ ပထမနှစ်ကျောင်းသူ"
ဟု ရက်ပ်ရွှတ်သလို မြန်မြန်ပြောသွားသည့် အင်ကြင်းစကားကြောင့် အောင်မင်းသူရိန် မနည်းနားထောင်လိုက်ရသည်။
"ဪ... ဟုတ်...ဟင်... အင်... အင်ကြင်းသဒ္ဒါလို့ပြောလိုက်တာလား"
သစ္စာလည်း မျက်လုံးပြူးသွားကာ စားပွဲပေါ်မှ ဝုန်းခနဲထရပ်လိုက်တော့သည်။ ပြီးနောက် မယုံကြည်နိုင်တဲ့ မျက်ဝန်းများဖြင့် အင်ကြင်းကို ကြည့်လို့နေသည်။ နေ့လည် မုန့်စားဆင်းပြီမို့ အတန်းထဲရှိလူများ သိပ်မရှိတော့ချေ။
သစ္စာက အင်ကြင်းကို သေချာကြည့်ပြီးနောက် ငယ်စဉ်ကသူ့အနားကထွက်သွားသည့် ကောင်မလေးကိုမြင်ယောင်လာပြီး မျက်နှာလွှဲကာ အခန်းထဲမှ ပြေးထွက်သွားတော့သည်။ သူရိန်လည်း သစ္စာနောက်မှပြေးလိုက်သွားပြီး အင်ကြင်းကတော့ အနောက်တွင် ကျန်ခဲ့လေတော့သည်။
YOU ARE READING
Twins' Love Season 2 (Completed)
RomanceUni ... Pdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ အမြွှာလေးတွေ အဆက်ပါ။ This is my sixth own fiction. ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေ...