Unicode
................ကောင်လေးတစ်ယောက် ဘေးလွယ်အိတ်လေးတစ်လုံးလွယ်ကာ လမ်းမတစ်လျှောက် ခပ်သွက်သွက်လျှောက်လာနေတာ မပြေးရုံတမယ်ပင်။ သူ့ရဲ့ နဖူးစပ်မှာလည်း ချွေးစချွေးနတို့ ကပ်ရှိနေပြီး မောဟိုက်မှုကြောင့် ဟောဟဲပင်စိုက်လို့နေသည်။
သူ့အနောက်တွင်လည်း တစ်စုံတစ်ဦးလိုက်လာဟန် စိုးထိတ်နေပုံရပြီး သူ့ရဲ့ အမူအယာများက သိပ်တော့ မူမမှန်ပင်။ သူထောင့်ချိုးတစ်ခုအရောက် အလျင်အမြန် ချိုးကွေ့လိုက်ရာ ရှေ့ကလာနေသည့် စက်ဘီးကိုမမြင်ပဲ ဝင်တိုက်မလို ဖြစ်သွားကာ ဟိုကလည်းအရှောင် သူကလည်း အလန့်တကြားနဲ့ ဖင်ထိုင်ရက်လဲကျသွားလေတော့သည်။
"အမေ့... အမလေး... ကျွတ်ကျွတ် သေပါပြီဗျာ"
"ဟာ... သစ္စာ... ဘယ်နားထိသွားသေးလဲ... ထလို့ အဆင်ပြေရဲ့လား"
"အာ့... နာတယ်ဟ... "
"မင်းက ရုတ်တရက်ကြီး ဝင်ချလာတာကိုး။ ငါအရှောင်မြန်လို့ပေါ့... လာလာ.. ငါကူပေးမယ်"
"အေး...."
သူရိန်တစ်ယောက် သစ္စာကို တွဲထူပေးကာ ဖုန်တွေတောင် ခါပေးလိုက်သေးသည်။
"အလောတကြီးနဲ့ ဘယ်သွားမလို့တုန်းဟ"
"အာ... ဘယ်မှမသွားဘူး။ အိမ်ပြန်မလို့ အတော်ပဲ ငါ့ကိုလိုက်ပို့စမ်းပါ"
"ဟင်... ငါသွားစရာရှိသေးတယ်"
"ငါ့ကိုအရင်လိုက်ပို့ပြီးမှပဲ သွားတော့... ငါဖင်နာလို့ လမ်းမလျှောက်နိုင်တော့ဘူး။ လုပ်ပါ သူငယ်ချင်းရယ်နော်... ပြီးတော့ ငါနည်းနည်း နေမကောင်းဖြစ်ချင်နေလို့ပါ"
ဟု မျက်နှာငယ်လေးနဲ့ ပြောလာသည့် သစ္စာ။ သူပြောမှပဲ သူရိန်လည်း သတိထားမိတော့သည်။ သစ္စာပန်းရနံ့တွေ လှိုင်လှိုင်ထနေတာ ဒီကောင်လေး မဟုတ်မှလွဲရော heat ဖြစ်နေတာမလား။
"မင်းဆေးကော"
" အိမ်မှာမေ့ခဲ့တာ။ မနေ့ကတော့ ကြိုသောက်ထားပါရက်နဲ့ အဲ့လိုတွေဖြစ်နေတာ။ ကြည့်ရတာ ဆေးမကိုက်ဘူးနဲ့တူတယ်ဟ"
"ဒါဆိုလည်း ဆရာဝန်ပြကြည့်လေ။ ငါလိုက်ပို့ပေးရမလား"
"မင်းပဲပြောတော့ သွားစရာရှိတယ်ဆို။ ရတယ် ငါနောက်နေ့မှပဲ သွားလိုက်မယ်"
YOU ARE READING
Twins' Love Season 2 (Completed)
Storie d'amoreUni ... Pdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ အမြွှာလေးတွေ အဆက်ပါ။ This is my sixth own fiction. ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေ...