Unicode
................ကမ်းခြေတွင် ဒုတိယမြောက်နေ့ လင်္ကာ၏တက်ကြွပျော်ရွှင်မှုသည် ဩချလောက်စရာကောင်းလှသည်။ သူဤမျှလောက် လွတ်လပ်ပျော်ရွှင်ခြင်းကို မကြုံရတာ ကြာလွန်းလှပြီဖြစ်သည်။
New year ဖြစ်သည်နှင့်အညီ ကမ်းခြေသို့လာကြသူများ အမြောက်အများရှိတာကြောင့် သူသူငှာငှာပျော်နေကြသည်။ ဒီနေ့ညတွင် countdown party မီးပုံပွဲလေးကိုလည်း လုပ်မည်ဖြစ်သဖြင့် တခြားသောဟိုတယ်ဘက်မှ ဧည့်သည်တွေလည်း မီးပုံပွဲတော် ကိုယ်စီဖြင့် အသီးသီးကျင်းပကြမည်ဖြစ်သည်။
လင်္ကာတို့ကတော့ ကိုယ်ပိုင်ဗီလာတွင် နေထိုင်ကြသူများဖြစ်ပြီး ထိုကမ်းခြေဝန်းသည် မင်းစစ်ရဲ့ပိုင်ဆိုင်မှာများထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ ကမ်းခြေတစ်လျှောက် သုံးပုံနှစ်ပုံက မင်းစစ်အပိုင်ဟိုတယ်တွေဖြစ်ပြီး ကျန်အပိုင်းကတော့ အစိုးရအပိုင်ဖြစ်သည်။
ထို့ကြောင့် မင်းစစ်ကိုယ်တိုင်က ဧည့်သည်တွေအတွက် အကုန်အကျခံကာ မီးပုံပွဲပြုလုပ်ပေးမည်ဟု မှာကြားထားခြင်းဖြစ်သည်။ ထို့အပြင် မီးရှူးမီးပန်းတွေပါမကျန် စီစဉ်ပေးထားသဖြင့် အားလုံးပျော်ပျော်ကြီး ဆင်နွှဲနိုင်လေသည်။
လင်္ကာတို့ လူငယ်အုပ်စုကတော့ အပျော်ရွှင်ဆုံးပင်။ သူတို့လည်း ဟိုတယ်ဧည့်သည်တို့ အုပ်စုနဲ့ ဝင်နွှဲချင်နေကြသဖြင့် ပထမစီစဉ်ထားသည့် အစီအစဉ်ကို ဖျက်ပြီးမီးပုံတစ်ခုတည်းဖြင့်သာ ပါဝင်လိုက်ကြလေတော့သည်။
ကိုယ့်အုပ်စုနဲ့ကိုယ် ဘာဘီကျူးတို့ ဘီယာ၊ဝိုင်၊အရက်စသည်ဖြင့် ဝိုင်းဖွဲ့ စားသောက်ကြသလို လူငယ်တွေရဲ့ သီချင်းတွေသီဆို ကခုန်ကြဖြင့် စည်ကားလွန်းလှလေသည်။ ဧည့်သည်တွေ အားလုံးအတွက် တစ်ပေါင်းတည်း စီစဉ်ပေးထားတာကြောင့် မီးပုံကြီးမှာ သာမာန်ထက် ပိုကြီး ပိုလှလို့နေလေသည်။
"ကိုကိုလင်္ကာ... ဒီဘက်လာ"
"ဟုတ်"
"ဒါသောက်မလား"
ဟု အေးချမ်းက ဘီယာဘူးလေးကိုင်ကာ မေးလာသည်။ လင်္ကာလည်း သောက်ချင်လာသဖြင့် သောက်မည်ဟုပြောကာ နှစ်ဦးသား ဘီယာသုံးဘူးလောက်ယူပြီး မီးပုံဘေးနားဝင်ထိုင်လိုက်လေသည်။
YOU ARE READING
Twins' Love Season 2 (Completed)
RomanceUni ... Pdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ အမြွှာလေးတွေ အဆက်ပါ။ This is my sixth own fiction. ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေ...