Unicode
................ယနေ့ အင်ကြင်းတို့ကျောင်းမှာ ကျန်းမာရေးစစ်ဆေးချက်လုပ်ဆောင်ခဲ့တယ်။ ကျောင်းတက်ပြီး နှစ်လအကြာမှာ ထိုစစ်ဆေးမှုတွေလုပ်ဆောင်ခြင်းဖြစ်သည်။ အင်ကြင်းရဲ့ ပါးချိုင့်လေးကလေ ကျောင်းရဲ့ EC တဲ့လေ။ သူလေးကဘယ်လောက်ချစ်စရာကောင်းလိုက်သလဲ။ အလုပ်လုပ်တာကအစ သေသေသပ်သပ်နဲ့။
လူတိုင်းနဲ့လည်းတည့်ပါ့။ အင်ကြင်းမှာတောင် သူလေးကို မနာလိုတောင်ဖြစ်မိတယ်။ သူတစ်ယောက်တည်း တစ်နေကုန်တောင်ထိုင်ကြည့်လို့မဝတာကို။ သူများတွေကပါ ဝိုင်းဝိုင်းလည်နေတော့ သိပ်တောင်မကြိုက်ချင်။
နာမည်လေးကလည်းလှလွန်းလို့ ကဗျာတောင်ဆန်ချင်တယ်။ ဘာတဲ့... သစ္စာခက်ပျိုတဲ့။ ဘယ်လောက်တောင် နူးညံ့လိုက်တဲ့ အမည်လေး။ ထိုကောင်ငယ်လေးကို သူမသဘောကျသွားတဲ့အချိန်ကစပြီး စိတ်ထဲမှာလည်း သူ့မကိုယ်သူမ အယ်လ်ဖာဖြစ်ချင်စိတ်တွေတဖွားဖွားပင်။
အယ်လ်ဖာဖြစ်လို့ကတော့ သစ္စာလေးကို ဖွင့်ပြောမယ်။ နှစ်ဦးသားတက္ကသိုလ်အတူတူတက်မယ်။ ကျောင်းပြီးရင် လက်ထပ်မယ်။ ပြီးရင် ဒန်ဒန်းဒန်မယ်။ အင်ကြင်းမှာ သစ္စာကို ဆွဲစားချင်စိတ်ကို မနည်းထိန်းနေရသည်။
ကျန်းမာရေး ဆေးစစ်ချက်က မိန်းကလေးများကို သီးသန့်စစ်ဆေးပေးရသလို၊ ယောက်ျားလေးများကိုလည်း သီးသန့်စစ်ဆေးပေးလေသည်။ ဆေးစစ်ချက်အဖြေများကိုတော့ ဆရာဝန်ကတစ်ဦးချင်းခေါ်ယူပြောပြပြီး လိုအပ်သည်များကိုမှာကြားလေသည်။
ခတ္တာက ရှေးဦးစွာစစ်ဆေးခန်းထဲဝင်ရပြီး အားလုံးကလည်း သူမကို ရှားပါးအိုမီဂါဖြစ်မည်ဟု ခန့်မှန်းထားကြလေသည်။ သူမရဲ့ နူးညံ့လှတဲ့ အသွင်အပြင်ကြောင့် လူအများဒီလိုထင်တာ မဆန်းတော့ပေ။
အင်ကြင်းလည်း သူမပြီးတော့ နှစ်ယောက်မြောက်တွင်ဝင်စစ်ဆေးခံလိုက်သည်။ အခန်းထဲမှာ သွေးဖောက်စစ်ဆေးပေးမဲ့ဆရာမရှိပြီး သူမကအင်ကြင်းအား လိုအပ်သည်များကို သေချာကြည့်ပေးလေသည်။
ဆေးစစ်ချက်အဖြေများကို နာရီဝက်အကြာမှရနိုင်ပြီး ထိုအခါမှ ဆေးပေးခန်းမှဆရာဝန်က ခေါ်ယူပြောပြမည်ဖြစ်သည်။
YOU ARE READING
Twins' Love Season 2 (Completed)
RomanceUni ... Pdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ အမြွှာလေးတွေ အဆက်ပါ။ This is my sixth own fiction. ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေ...