Extra 8

238 15 4
                                    

Unicode
................

အင်ကြင်းတို့ အုပ်စု သစ္စာရဲ့အိမ်သို့ ရောက်နေခြင်းဖြစ်သည်။ သစ္စာတို့အိမ်မှာ စာစုလုပ်ကြမယ်ဟု ပြောကာရောက်နေကြခြင်းဖြစ်သည်။

သစ္စာတို့ မိဘတွေက ဖော်ရွေပြီး နွေးထွေးလေသည်။ သစ္စာရဲ့ ချစ်စရာကောင်းမှုက သူမိခင်နဲ့တူခြင်းကြောင့်ပင်ဖြစ်သည်ဟု အင်ကြင်းကိုယ်တိုင်မြင်မှ သိလိုက်ရသည်။ သစ္စာတို့က မိသားစုသုံးယောက်တည်းသာရှိပြီး သစ္စာက တစ်ဦးတည်းသောသားပင်။

တစ်အိမ်လုံးကလည်း အမျိုးသားတွေချည်းပဲ စုနေသည့် မိသားစုဖြစ်သော်လည်း သာမာန်စုံတွဲများလို နွေးထွေးမှုကို ခံစားရစေသည်။

"သားငယ်လေး သူငယ်ချင်းတွေပါ ခေါ်လာတာပဲ.. ဝင်လာခဲ့ ကလေးတို့"

"ဟုတ်ကဲ့"

"ဒါနဲ့ ဒီဘက်က အင်ကြင်းလေးလား မသိဘူး"

"ဟုတ်တယ်ရှင့်... အင်ကြင်းသဒ္ဒါပါ။ တွေ့ရတာ ဝမ်းသာပါတယ် ဦးလေး"

"သမီးလေးက ချစ်စရာလေးပဲ"

"ဟီး.. ကျေးဇူးပါရှင့်"

"သမီးအကြောင်းကို သားငယ်က ပြောပြထားလို့ ကြားထားတာတော့ ကြာပေါ့။ ဦးကတွေ့ချင်လို့တောင် အိမ်ခေါ်ဖိတ်ဖို့ ပြောထားရတာ။ ဒီဘက်က သူရိန်လေးကတော့ အမြဲဝင်ထွက်နေတော့ ပြောစရာကို မလိုဘူး။ သူတို့နှစ်ယောက်က ငယ်ငယ်တည်းက တပူးပူးတတွဲတွဲနဲ့လေ။"

"ဟုတ်ကဲ့"

"စကားကောင်းနေတာနဲ့ ဦးနာမည်တောင် မိတ်ဆက်ဖို့မေ့နေတာ။ ဦးက ခက်ပျိုမေတ္တာပါ။ ဦးအမျိုးသားကတော့ အလုပ်သွားတယ်။ သူကညနေလောက်မှပြန်လာတာလေ။ အဲ့တော့မှပဲသမီးနဲ့ မိတ်ဆက်ပေးရမယ်"

"ဟုတ်ကဲ့။"

"ဖေဖေ... သားတို့ စာစုလုပ်ဖို့လာတာလေ။ ဖေဖေ စကားများနေတာနဲ့အချိန်တွေကုန်တယ်"

"ဟုတ်သားပဲ... ဖေ မေ့သွားလို့ ဆော်တီးသား... ကလေးတွေကို သားအခန်းထဲခေါ်သွားလိုက်လေ။ ဖေ စားဖို့မုန့်တွေ ခဏနေ လာပို့လိုက်မယ်"

"ဟုတ်..."

"ဦး... သားကြိုက်တာတွေ များများထည့်ပေးနော်"

Twins' Love Season 2 (Completed)Where stories live. Discover now