Extra 19 (Final)

496 11 7
                                    

Unicode
.................

စေ့စပ်ပွဲနေ့တွင် ဝတ်ဖို့အဝတ်အစားများကို အင်ကြင်းတစ်ယောက် ကြည့်နေခြင်းဖြစ်သည်။ ဟိုတစ်ခါ စီနီယာတို့လင်မယားတက်သည့် ဆုပေးပွဲကမင်းသမီးဝတ်သလိုမျိုး dress လေး ဝတ်ရမလား။

သူမ dressလှလှလေး မဝတ်ခဲ့ရသည်မှာ ကြာလှနေပြီမဟုတ်လား။ အခုခန္ဓာကိုယ်နဲ့ကော သူမလိုက်ဖက်ပါ့မလား။ အရပ်က ဂလန်ဂလားနဲ့ dress ဖားဖားကြီးဆိုရင် ရုပ်ဆိုးသွားမလား။ မြင်ဖူးနေကျလိုမျိုး စတိုင်ပန်လေးနဲ့ ရိုးရိုးရှင်းရှင်း brouse အင်္ကျီလေးပဲ ဝတ်ရမလား။

ရွေးချယ်ရခက်နေချိန် သူမရှေ့မှ ဦးရင်ရိပ်တော့မသိ အောင်မင်းသူရိန်ကတော့ ကြည့်ရင်းစိတ်မရှည်တော့ပေ။

"ဒီလောက်ရွေးနေတာ မပြီးသေးဘူးလား... ဒီတိုင်း ဘာဝတ်ဝတ်ရနေတာကို"

"စေ့စပ်ပွဲဆိုပေမဲ့ ဘာဝတ်ဝတ်ဆိုပြီး ပြီးစလွယ်လုပ်လို့မှမရတာ။ ငါ့ဘာသာငါ ရွေးနေတာကို နောက်ကနေ တစ်ပွမ်ပွမ်နဲ့ ဘာလာပြောနေတာလဲ။ နင်ပြန်လိုက်တော့... ငါ့ဘာသာငါ ဦးနဲ့ပြောနေတာကို"

"ဘာဦးလဲ... ငါ့ရဲ့ဦးကိုများ... ဦးကငါတစ်ယောက်တည်းပဲ ခေါ်မှာ။ ပြီးတော့ ငါ့ဦးကို ရိုရိုသေသေဆက်ဆံနော်... ဟွန့်"

"အမယ် ငါတစ်သက်လုံးခေါ်လာတာကို ကြားထဲက ဖြတ်ခုတ်မနေပါနဲ့။ ငါ့ရဲ့ဦးလေးမလို့ ဦးလို့ခေါ်တာ ဘာဖြစ်လဲ"

ကလေးနှစ်ယောက် စကားနိုင်လုနေကြသည်ကို ကြားထဲက ဦးရင်ရိပ်ခဗျာ ဘယ်လိုဝင်ထိန်းရမှန်းမသိတော့။

"ကဲ တော်ကြပါတော့ မမလေးရယ်... ကလေးလည်း ရပ်တော့"

"ဦးပြောလို့ ရပ်လိုက်တာနော်။ သိပ်ကျေနပ်တာမဟုတ်ဘူး"

"အံမယ်... နင်ကပဲ ပြောရတယ်ရှိသေး"

"ကဲပါ... တော်ကြတော့ မမလေး ဒီဘက်ကိုလာ... ကလေးက ဟိုဘက်မှာ ခဏလေးထိုင်စောင့်နေနော်။"

"ဟန့်"
"ဟွန့်"

တစ်ပြိုင်နက် တစ်ဖက်လှည့်သွားကြသည့် ကလေးနှစ်ယောက်။ အင်ကြင်းကလည်း ဆိုင်ဝန်ထမ်းမလေးနဲ့ အင်္ကျီရွေးနေပြီး ဦးရင်ရိပ်က ဘေးနားတွင် ဝိုင်းကူလေသည်။

Twins' Love Season 2 (Completed)Where stories live. Discover now