Unicode
................"အာ့..."
ဝုန်းခနဲ ပြုတ်ကျသံကြောင့် အင်ကြင်းလှည့်ကြည့်မိရာ ခတ္တာက မြေပေါ်လဲကျနေပြီး ခြေကျင်းဝတ်ကို ကိုင်လို့ထားကာ နာကျင်မှုကြောင့် အော်ငိုလေတော့သည်။
အင်ကြင်းလည်း ရုတ်တရက်မို့ ထိတ်လန့်သွားမိပြီး ဘာလုပ်ရမှန်းမသိနေချိန် အချိန်ကိုက်ပဲ ဆရာမလည်း ရောက်လာတာကြောင့် ပြေးပြီးပြောပြလိုက်သည်။
"ခတ္တာ .. သမီး... ဘယ်လိုဖြစ်တာလဲ... အရမ်းနာနေလား။ ဆရာမကိုပြကြည့်"
"အဟင့်... အင့်.. နာတယ် ဆရာမ... သမီးခြေထောက်ကျိုးပြီလားမသိဘူး... အီးဟီး"
"ဆရာမကြည့်ပေးမယ်။ ခုံမှာထိုင်လိုက်..."
အကဆရာမက ခတ္တာရဲ့ခြေထောက်ကို ကိုင်ကြည့်လိုက်ချိန် အထိမခံပဲ နာကျင်တယ်ဆိုသာ အော်ဟစ်နေတာကြောင့်..
"မဖြစ်တော့ဘူး... သမီးအင်ကြင်း ဆေးခန်းက ဆရာမကိုသွားခေါ်ပေးပါဦး။ အကျိုးအကြောင်းသေချာပြောပြခဲ့နော်... "
"ဟုတ်... ဟုတ်ကဲ့"
အင်ကြင်းက တုန်ရီစွာဖြင့် ပြေးထွက်သွားမှ ငိုနေတဲ့ ခတ္တာ၏နှုတ်ခမ်းထောင့်မှာ ကော့ညွတ်ကွေးတက်သွားလေသည်။ ဒါတွေကို ဆရာမကမမြင်လိုက်ပဲ သူမကိုသာ နှစ်သိမ့်နေလိုက်သည်။
အခန်းထဲသို့ ဆေးခန်းဆရာမရောက်လာပြီး ကြည့်ရှုပေးလိုက်ရာ ခြေခေါက်သွားပြီး အကြောညှပ်သွားပုံရသည်ဟုပြောလာကာ ဆေးလူးပြီး ခြေချိုးပေးလိုက်ကာ ပတ်တီးစီးပေးလိုက်လေသည်။
"မပူပါနဲ့ အဆင်ပြေသွားမှာပါ။ လောလောဆယ်တော့ အကကလို့တော့ မဖြစ်ဘူး။"
"ဒါဆို... ဒါဆို သမီး ကျောင်းကပွဲမှာ ပါလို့မရတော့ဘူးပေါ့နော်... ဟင့်... သမီးက ... သမီးက သမီးဖေဖေကို သမီးကတာ ကြည့်စေချင်တဲ့ဟာကို... အင့်... ရွှတ်"
ဟု သူမရဲ့အသံလေးက တိမ်ဝင်လို့သွားလေသည်။ သို့သော် လူတစ်ယောက်ကြားနိုင်သည်အထိ ကျယ်ဝန်းသဖြင့် ဆရာမလည်း သူမကိုသနားသွားရလေသည်။
အင်ကြင်းက တံခါးနားမှာ ရပ်ကြည့်နေပြီး တုတ်တုတ်ပင်မလှုပ်ချေ။ ထိုစဉ် အကဆရာမက သူမဘက်သို့လှည့်ကြည့်လာပြီး ဆရာမရဲ့မျက်ဝန်းတွေကလည်း တစ်စုံတစ်ခုကို တွေဝေနေဟန်ဖြစ်ပေါ်နေလေသည်။
YOU ARE READING
Twins' Love Season 2 (Completed)
RomansUni ... Pdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ အမြွှာလေးတွေ အဆက်ပါ။ This is my sixth own fiction. ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေ...