Story 8

585 24 0
                                    

Unicode
................

ဖြစ်ပြီးတာလည်း ဖြစ်သွားပြီဆိုတော့ ပြန်ပြင်မရတော့ဘူးလေ။ ထို့ကြောင့်ပဲ အိမ်ပြောင်းမဲ့ လင်္ကာလည်း မပြောင်းဖြစ်ပဲ ထိုလူကြီးရဲ့အိမ်တွင်သာ ဆက်နေဖြစ်သည်။

ဘယ်လိုလုပ် ဆက်နေဖြစ်သွားလဲဆိုတော့... Flash back>>>

"ကျုပ် တကယ်ကလေး မမွေးချင်ဘူးဗျာ"

"ဒါပေမဲ့ ကိုယ်တို့ရဲ့ ကလေးလေးပဲလေ။ ကိုယ်လည်းတစ်ဝက်ပိုင်တယ်"

"မသိဘူးဗျာ... ကျုပ်စိတ်ညစ်တာပဲသိတယ်"

"မင်းပဲအရင်ကပြောခဲ့တယ်လေ။ ကိုယ့်ရဲ့ကလေးတွေ မွေးပေးမယ်ဆို။ အခုလိုချင်တဲ့ ဘေဘီလေးတွေ ရလာပြီလေ...ဒါကို လက်ခံသင့်တယ်"

"အဲ့ဒါ ကျုပ်heat cycle လာချိန်တုန်းကလေဗျာ... ကျုပ်တောင် ဘာမှမမှတ်မိတာကို အဲ့စကားပြောခဲ့လား မပြောလားတောင် မသိတော့ဘူး"

"ပြောခဲ့တာပေါ့... ကိုယ်ကတော့ မင်းကို မဖျက်ချစေချင်ဘူး။"

"ဒါပေမဲ့ ကျုပ်တို့နှစ်ယောက်က ချစ်သူရည်းစားအိမ်ထောင်ဖက်တွေမှ မဟုတ်တာ။ ဒီတိုင်းမတော်တဆ ဖြစ်သွားတာပဲလေ... ပြောရရင် ခဗျားဘက်ကလည်း နစ်နာတာမှမဟုတ်တာကို ဘာလို့ ဒီကလေးကို လိုချင်နေရတာလဲ"

"ကိုယ့်ကလေးဖြစ်လို့ လိုချင်တာပေါ့။ ထူးခြားတဲ့ အကြောင်းပြချက်ရှိရဦးမှာလားကွာ။ ပြီးတော့ ကလေးမွေးပြီးသွားရင်လည်း ကိုယ်ပဲစောင့်ရှောက်မှာပါ။ မင်းကတော့ ကလေးစောင့်ရှောက်စရာမလိုပါဘူး။ အကယ်၍ ကိုယ်တို့အနားမှာ မနေချင်လည်း အဲ့ချိန်ကျရင် ကိုယ်ထွက်သွားခွင့်ပေးပါ့မယ်"

"ကောင်းပြီလေ... ဒါဆို ကျုပ်ထွက်သွားချင်တဲ့ အချိန်ကျရင် ခဗျားအတွက် ကလေးမွေးပေးစရိတ် ကျုပ်ကိုထောက်ပံ့ရမယ်"

"ကောင်းပြီ... မင်းဘယ်လောက်လိုချင်လဲ ရေးလိုက်"

"ကျုပ်အများကြိီးမတောင်းပါဘူး။ ကောင်းရောင်းကောင်းဝယ်လုပ်စားဖို့ သိန်း၅၀လောက်ပါပဲ"

"ရတယ်.... ကိုယ်ပေးနိုင်ပါတယ်။ ကျေးဇူးပါ... "

သို့နှင့် နှစ်ဦးသား သဘောတူ ညှိနှိုင်းလိုက်ပြီး လင်္ကာထိုအိမ်ကြီးပေါ်၌ ဆက်နေဖြစ်သွားတော့သည်။

Twins' Love Season 2 (Completed)Where stories live. Discover now