Unicode
................အင်ကြင်း ကျောင်းပြန်တက်တည်းက သစ္စာအနား ကော်လိုကပ်နေခဲ့တာ တစ်ပတ်ပင်ရှိခဲ့လေပြီ။ ဒီကြားထဲသူတို့ဘဝလေးသည် သာယာနေခဲ့သည်။ သူရိန်ကလည်း အင်ကြင်းအိမ်ကို ချောင်းပေါက်မတတ်လာခဲ့ပြီး ဦးရင်ရိပ်ကို ကြုံရင်ကြုံသလို ချောင်းတတ်သည်။
ပြီးတော့ အင်ကြင်းကို ပြောသည်က ဦးကို သူ့အားပေးရန်ပင်။ အင်ကြင်းကလည်း ဟိုတစ်ခါပြောထားသည့်ကိစ္စကို အငြိုးထားကာ သူရိန့်အား မပေးနိုင်ဘူးဟု ပြောတာကြောင့် ခုလိုချောင်းတင်မက ဆည်ပင်ဖောက်မတတ် လာလည်နေခြင်းပင်။
ယခင်တုန်းကတော့ အဝေးကနေသာချောင်းကြည့်ခဲ့တာ ခုတော့ အင်ကြင်းရှိတာကို အခွင့်ကောင်းယူကာ လာတတ်ခြင်းပင်။ လာရင်လည်း တစ်ယောက်တည်းမလာပါ။ သစ္စာကိုပါ အဖော်ခေါ်လာတတ်လို့ အင်ကြင်းတို့မှာ နှုတ်ပိတ်နေရသည်။
တစ်ရက် အင်ကြင်း၏ Rut ကာလ လာခါနီးအချိန်ဖြစ်လို့ နေထိုင်မကောင်းတာကြောင့် ကျောင်းမလာခဲ့ပေ။
"အင်ကြင်းမလာဘူးလား"
"မလာဘူးထင်တယ်"
"ဘာလို့လဲ"
"မသိဘူးလေ။ မင်းဘာသာမင်း ဖုန်းဆက်ကြည့်ပါလား"
"အွန်း..."
သစ္စာက ဖုန်းလေးထုတ်ကာ အင်ကြင်းနံပါတ်လေးပါတဲ့ ခလုတ်လေးကိုနှိပ်လိုက်သည်။
"ဖုန်းမကိုင်ဘူး"
"နေမကောင်းလားမှ မသိတာ"
"ဟုတ်လား.... မနေ့ညကတောင် ဖုန်းဆက်ကြသေးတာကို"
"မနက်မှ နေမကောင်းတာလည်း ဖြစ်နိုင်တာပဲလေ"
"ဟုတ်သားပဲနော်။ ဘယ်လိုလုပ်ကြမလဲ။ ငါသူ့ဆီသွားကြည့်သင့်လား"
"ဆရာမလာတော့မယ်... နောက်မှသွားပါလား။ ခုဘာသာက assignment ကိုယ်တိုင်ထပ်ရမှာနော်"
သူရိန်၏အပြောကြောင့် assignment ကိုသတိရသွားကာ စိတ်ပျက်သွားရသည်။
"ဆရာမကလည်းလေ အစားထပ်ခိုင်းလည်းရတဲ့ဟာကို"
"မင်းကလည်းနော် ချစ်သူတွေမဟုတ်လို့သာပဲ ဖြစ်ပျက်နေလိုက်တာ။ ပြစမ်း ... မင်းမျက်နှာက ခုပဲအစားမစားရတဲ့ ရုပ်နဲ့၊ အိုစာနေလိုက်တာ"
YOU ARE READING
Twins' Love Season 2 (Completed)
RomanceUni ... Pdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ အမြွှာလေးတွေ အဆက်ပါ။ This is my sixth own fiction. ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေ...