Unicode
................ကုတင်ပေါ်တွင် ဖျော့တော့စွာလဲလျောင်းနေသောသူ။ ငွေရောင်ဆံနွယ်လေးနဲ့ နှင်းပမာ ဖြူဖွေးနူးညံ့နေတဲ့ ကောင်လေးတစ်ယောက်က အိပ်ရာပေါ်မှ နိုးထလာခဲ့သည်။
အခန်းတစ်ခုလုံးက မှောင်နေပေမဲ့ အနီရောင်မီးတစ်ချို့တော့ ဖျော့တော့စွာ ထွန်းထားသေးသည်။ သူအခန်းထဲကိုဝေ့ဝဲကြည့်မိသည်။ သူကအဖြူရောင်ကုတင်ပေါ်မှာရှိနေပြီး အခန်းထဲတွင် မည်သူမျှမရှိ။
ထိုအချိန် ရုတ်တရက် ဘယ်ကမှန်းမသိတဲ့ လက်တစ်ဖက်က သူ့ခြေထောက်ကို စွေ့ခနဲကောက်ကိုင်ကာ ဒရွတ်တိုက်ဆွဲချသွားသည်။ သူအားရစွာ ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီး ဆွဲခေါ်ရာနောက်သို့ပါသွားခဲ့သည်။
ခြေထောက်ကိုဆွဲသည့်လူကို မဝံ့မရဲကြည့်မိတော့ မျက်လုံးနီနီနှင့် မျက်နှာပေါ်တွင်လည်း သွေးအချို့စီးကျနေပြီး သူ့ပါးစပ်ကြီးကို ပါးပြင်ထိစပ်သည်အထိ ရယ်နေသောလူ။ ထိုသူ့ဘေးနားတွင်လည်း မြူငွေ့များသဖွယ် ထူးဆန်းသည့် ရနံ့ငွေ့များကို ရလိုက်တော့ စိတ်ထဲ အော်ဂလီဆန်ချင်သွားသည်။
သူအတင်းရုန်းကန်နေသော်လည်း ထိုသန်မာတဲ့လက်များက အင်အားလျော့မသွားခဲ့။ ကြောက်စိတ်များတဖွားဖွား တိုးလာရပြီး အားကုန်စောင့်ကန်နေပေမဲ့ ထိုသူကိုလုံးဝထိဟန်မပေါ်။
"မလာနဲ့... ခဗျားဘယ်သူလဲ... ကျုပ်ကိုလွှတ်... ကျုပ်ကိုလွှတ်!!!"
"လင်္ကာ... လင်္ကာ..."
ဦးရိပ်ဆေးရုံစောင့်နေချိန် ကုတင်ပေါ်မှကောင်လေးသည် လှုပ်လှုပ်ရွရွဖြစ်လာသဖြင့် သူခေါ်လိုက်မိသည်။ သို့သော် လင်္ကာက နိုးမလာပဲ အိမ်မက်ဆိုးထဲကနေသာ ရုန်းကန်နေလေသည်။
"လင်္ကာ... နိုးလာတော့... အဲ့ဒါ အိမ်မက်... တကယ်မဟုတ်ဘူး.. လင်္ကာ ကိုယ်ရှိတယ်လေ"
ဟု ပြောရင်း ကုတင်ပေါ်မှ လင်္ကာ့ကိုယ်လေးကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။ တစ်ဆက်တည်းမှာပဲ အပြင်မှာစောင့်နေကြသည့် သူ့လူတွေကို လှမ်းအော်ကာ ဆရာဝန်ခေါ်ခိုင်းလိုက်ရသည်။
YOU ARE READING
Twins' Love Season 2 (Completed)
RomanceUni ... Pdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ အမြွှာလေးတွေ အဆက်ပါ။ This is my sixth own fiction. ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေ...