Unicode
................"အင့်.... ရော့..."
"ဘာလဲ"
လင်္ကာ မိမိရှေ့မှထိုးပေးလာသော ပါဆယ်ထုတ်ကြီးကို ကြည့်ကာ မေးလိုက်ခြင်းဖြစ်သည်။ မိုးညိုက သူ့ဆီသို့ အထုတ်ကြီးအထုတ်ငယ်များပါဝင်သော သေတ္တာသေးလေးတွေကို ထိုးပေးနေခြင်းလည်းဖြစ်သည်။
"ဟန့်... ငါကတော့ မင်းကို သိပ်ပြီးခေါ်သွားချင်တာမဟုတ်ဘူး။ သခင်လေးက အရမ်းတွေခေါ်ချင်နေလို့သာပဲ။"
"ကျုပ်ကကော ခေါ်တိုင်းလိုက်တဲ့ထဲပါနေလို့လားဗျ"
လင်္ကာ မိုးညိုကို မျက်စောင်းထိုးကာ အထုတ်တွေကိုဖွင့်ကြည့်လိုက်တော့ အဝတ်အစားတွေနဲ့ လက်ဝတ်လက်စားအချို့ကို တွေ့လိုက်ရသည်။
"ဒါတွေက ဘာလုပ်ရမှာလဲ"
"သခင်လေး မပြောပြထားဘူးလား"
"ဘာကိုလဲ"
"ဒီနေ့ သူနဲ့အတူ O.S Award ပွဲတက်ရမယ်ဆိုတာလေ"
"အာ.... အဲ့ဒါ ဒီနေ့လား"
"ဟုတ်တယ်လေ"
"သူ... သူကော"
"သခင်လေးက လမ်းမှာ ဝင်စရာရှိတယ်ဆိုလို့ ကျန်ခဲ့တယ်။ ငါ့ကို ဒီဟာအရင်သွားပေးလို့ ပြောလိုက်လို့။ ပွဲချိန်က ညခြောက်နာရီစမှာဆိုတော့ ခုက နေ့လည်နှစ်နာရီပဲရှိသေးတာဆိုတော့ ပြင်ဆင်ချိန်ရသေးတယ်။ ကလေးတွေအတွက် အဝတ်အစားတွေလည်းပါတယ်။ မင်းပြင်ဆင်နေတုန်း ငါကလေးတွေကို ရေကူချိုးပေးလိုက်မယ်လေ"
"အွန်း... "
လင်္ကာအင်္ကျီထုတ်တွေကြည့်ပြီး လက်တွေတောင်တုန်ရီလာသည်။
"ဘာလဲ... လူအများရှေ့မှာ ချပြခံရတော့မယ်ဆိုတော့ နောင်တရနေတာလား"
"ရစရာလားဗျ... ကျုပ်.. ကျုပ်ရင်တုန်နေတာ။"
"ဟက်... မင်းလိုလူကလည်း စိတ်လှုပ်ရှားတတ်သေးလို့လား"
မိုးညိုက လှောင်ရယ်ရယ်တော့ လင်္ကာကလည်း မခံချင်စိတ်ကလေးဖြင့်...
"ဟ... လူပဲဗျ။ စိတ်လှုပ်ရှားတဲ့အခါလည်း ရှိမှာပေါ့"
"ဒါပေါ့... တိတ်တိတ်ပုန်းဘဝလေးကနေ ကျော်ကြားလာတော့မှာဆိုတော့လည်း..."
YOU ARE READING
Twins' Love Season 2 (Completed)
Lãng mạnUni ... Pdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ အမြွှာလေးတွေ အဆက်ပါ။ This is my sixth own fiction. ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေ...