Story 14

591 24 1
                                    

Unicode
................

ဦးရိပ်တို့ မိသားစုက တကယ်ကိုနွေးထွေးသော မိသားစုတွေဖြစ်သည်။ လင်္ကာကို သူတို့နွေးနွေးထွေးထွေး ဆက်ဆံပေးသည့်အပြင် ယခင်မရရှိခဲ့သော မိဘမေတ္တာတွေလည်း အပြည့်အဝရသည်ဟုလည်း ခံစားရသည်။

မောင်နှမတွေအားလုံးကလည်း စည်းလုံးသည့်အပြင် တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ကြပြီး အငယ်တွေကိုလည်း ညှာညှာတာတာရှိကြလေသည်။ သူတို့အားလုံးကိုကြည့်ပြီး လင်္ကာအားကျမိတာတော့ အမှန်ပင်။

သူငယ်စဉ်က မိဘတွေနှင့် အတူမနေခဲ့ရလို့လားမသိ။ မိစုံဖစုံဖြင့်နေကြသော သူများကို အလွန်ပင် အားကျလေ့ရှိသည်။ ခုလည်း သူ့ကိုချစ်လာစေရန် လင်္ကာလည်းနေထိုင်ချင်မိသည်။

"သားလေး ဒီဘက်ကိုလာပါဦး။ ပါးကို မြေးလေးတွေပြပါဦးလား"

"ဟုတ်ကဲ့"

"အမြွှာလေးတွေက မိန်းကလေးတွေပဲလား"

"မဟုတ်ပါဘူး... ဦးလေးချီထားတာက အငယ်လေး မိန်းကလေးပါဗျ။ ဒီဘက်ကတော့ အကြီးလေး ယောက်ျားလေးပါ"

"အိုး... ယောကျာ်းလေးနဲ့ မိန်းကလေးပေါ့။ ကောင်းတယ်... ကောင်းတယ်... ကလေးတွေ မွေးပေးရလို့ ဒီအတော်အတွင်း ပင်ပန်းသွားပြီပေါ့ကွယ်"

လရိပ်ချိုက ဂရုဏာသက်ဖွယ်ပြောလာလေတော့ လင်္ကာပြုံးလိုက်မိပြီး

"ရပါတယ်ဗျ... ဒါတွေက ကျွန်တော်လုပ်သင့်လုပ်ထိုက်လို့ ဖြစ်လာတဲ့ အရာတွေပါဗျ"

ဟု ပြန်ဖြေလာတော့ လရိပ်လည်း ခေါင်းငြိမ့်လိုက်လေသည်။

"ဒီနေ့ ကလေးတွေလေ နှစ်သစ်ပါတီလုပ်ချင်‌တယ်ပြောနေလို့လေ။ သား... နာမည်က..."

"အလင်္ကာမုန်းပါဗျ"

"အေး... အလင်္ကာတို့လည်း တစ်ခါတည်း ဝင်နွှဲလိုက်ကြပါလား။ သားကြီးလည်း တစ်နှစ်တစ်ခါပဲလေ... ဝင်နွှဲလိုက်ပေါ့"

"ကျွန်တော်ကရတယ်... "

"ဟုတ်ကဲ့... ကျွန်တော်လည်း အဆင်ပြေပါတယ်ဗျ"

"ဦး... အယ်.. ခုတော့ ဖေဖေ ဒါမှမဟုတ် ပါပါးလို့ပဲခေါ်ပေါ့"

"ဟုတ်... ဖေဖေ"

Twins' Love Season 2 (Completed)Where stories live. Discover now