Unicode
နွေရာသီကျောင်းပိတ်ရက်။
ဒယ်ဂူမြို့လေးအတွင်းမှာရှိနေတဲ့ နှစ်ထပ်တိုက်အပုလေးဟာဘေးပတ်ပတ်လည်သစ်ပင်ကြီးတွေအုပ်မိုးနေတာကြောင့် နေအပူဒဏ်ကိုမခံရ။
စိမ်းစိုစိုသစ်ပင်တွေဟာလဲ တစ်အိမ်လုံးကိုဖုံးအုပ်ထားသလိုဖြစ်နေတာကြောင့် ကြည့်ရုံနဲ့ပင်အေးချမ်းစေနိုင်သည်။ လူနှစ်ယောက်သာရှိနေပေမဲ့ အိမ်လေးအတွင်းစကားသံတို့ကပြတ်ဆဲသွားသည်မရှိ။
နိုးထလာတဲ့မနက်ခင်းတိုင်းလိုလိုဟာလဲ နေရောင်ခြည်ကခန္ဓာကိုယ်ကိုထိတွေ့လာပြီး ဆက်မအိပ်ဖြစ်စေရန်ရည်ရွယ်နေသယောင်။ နေတစ်ပျောက်တိုးမရအောင်သစ်ပင်တွေဟာပတ်ပတ်လည်ရှိနေခဲ့ပေမဲ့ ဒယ်ဂူသားလေးရဲ့အပေါ်ထပ်အခန်းကျဥ်းလေးကိုတော့ ထိုသစ်ပင်တွေကလုံအောင်ဖုံးပေးနိုင်စွမ်းမရှိသည်ထင်။ကျီကျီကြာကြာအော်မြည်နေတဲ့ကျေးဌက်တွေရဲ့ စိတ်အေးချမ်းစရာဂီတသံတို့ဟာလဲ နေအပူကြောင့်မောဟိုက်သွားသည်ထင်ပါရဲ့။
အိပ်ယာမှနိုးလာခဲ့ပြီး အပေါ်ထပ်ဝရံတာဆီထွက်လိုက်ရုံနဲ့ သစ်ရွက်တွေဟာတစ်ပုံတစ်ပင်။ ပြောင်စင်နေအောင်ရှင်းရသည်မှာလဲ သူ့အတွက်တစ်နေ့တာအလုပ်တွေထဲကပထမဆုံးတစ်ခုပင်။
ဝရံတာမှသစ်ရွက်အချို့ဖယ်ရှားပြီးသည်နှင့် ကြားနေကြဖြစ်တဲ့ အဖွားရဲ့အသံဟာလဲတစ်ဆက်ထဲထွက်လာတော့မည်။" မြေးလေးရေ .. မနက်စာစားမယ်လေကွယ် "
ရေအေးအေးတစ်ခွက်လိုအေးမြတဲ့ အဖွားရဲ့အသံကိုကြားရသည်နှင့် ပြေးဆင်းခဲ့တဲ့ခြေလှမ်းတွေဟာလဲ ငယ်စဥ်ကထဲက ယခုအသက် ၁၆နှစ်အရွယ်ရောက်သည်အထိ။
မနက်စာစားပွဲဝိုင်းလေးဟာ ဖွယ်ဖွယ်ရာရာ။
နူးညံ့တဲ့စိတ်ထားရှိတဲ့သူမက အိမ်ရှေ့မှဖြတ်သွားတဲ့အသိမိတ်ဆွေတစ်ယောက်ယောက်ကိုတွေ့လိုက်ပြီဆိုတာနဲ့
" လာ အိမ်ထဲဝင် .. မနက်စာဝင်စားသွား "
အတော်အသင့်ချမ်းသာတဲ့အလျှောက် အဆင့်အတန်းမခွဲခြားတဲ့သူမက အသက်အရွယ်မရွေးကိုထိုသို့ဖော်ဖော်ရွေရွေရှိပြန်တယ်။ ဒါကြောင့်မို့ ဂူဟွာမှာရှိတဲ့ထယ်ယောင်းတို့မြေးအဖွားဆို လူချစ်လူခင်ပေါပြီးဂရုတစိုက်ရှိပေးကြသည်။
YOU ARE READING
Way Back Home ( Completed )
Romanceဆယ်ကျော်သက်အရွယ်မှာမက်ခဲ့ရတဲ့ နွေဦးအိပ်မက်လှလှကလေးတစ်ခု ..