Unicode
" Taerae .. ဖွားရေ ကျုပ်တို့လာတယ် "
လေတဖြူးဖြူးတိုက်ကာ သစ်ရွက်တို့ရိုက်ခတ်သံတွေကြောင့် ဇိမ်ရစ်လို့ကောင်းနေသည့်အချိန်မှာ နားထဲစူးရှစွာတိုးဝင်လာသည့်အသံတွေကြောင့် မျက်မှောင်တို့ဟာအလိုမကျစွာစုကျုံ့သွားခဲ့သည်။
" ဖွားရေ .. ဘယ်သူမှမရှိကြဘူးလားတော် "
ခြံပေါက်ဝမှာရပ်ကာ အော်နေသည့်အသံတွေကြောင့် ထယ်ယောင်းအိပ်နေရင်းမှလန့်နိုးလာရသည်။
အိပ်ချင်မူးတူးနဲ့မို့ ဝရံတာကလှမ်းကြည့်တော့လဲ မည်သူတွေမှန်းမတွေ့ရ။နာရီကိုလှမ်းယူကြည့်တော့လဲ ၉နာရီထိုးနေပြီဖြစ်သည်။
ဒီအချိန်ဆို ဖွားကခြံထဲသွားလောက်ပြီဖြစ်တာကြောင့် အိမ်မှာရှိမနေလောက်တော့။
ပိတ်ထားတဲ့ခြံတံခါးသော့ကို တံခါးလက်ကိုင်ဖြင့်တတောက်တောက်ခေါက်ရင်း လူရိပ်မတွေ့မချင်းအော်ခေါ်နေမှုမှာ ထယ်ယောင်းနှုတ်ခမ်းလေးဆူမိသွားရင်း ခေါင်းကုတ်နေရတော့သည်။မဖွင့်မချင်းအော်နေမည့်ပုံရသဖြင့် ရှုပ်ဖွာနေတဲ့ဆံနွယ်တွေကိုလဲပြင်ချိန်မရ၊မျက်နှာလဲထမသစ်နိုင်တော့ပဲ အိပ်ယာထက်မှကပိုကရိုထကာ အောက်ထပ်သို့ဆင်းရန်ပြင်သည်။
အိပ်ချင်မူးတူးဖြင့်မျက်လုံးကလေးကိုပွတ်ကာ လှေကားထစ်တစ်လျှောက်ဆင်းလာချိန်မှာတော့ ဆူညံနေတဲ့အသံတွေဟာထပ်၍ထွက်မလာတော့။
အိမ်တံခါးဝနားမပွင့်တပွင့်မျက်ဝန်းတို့ဖြင့်သွားကာ အိပ်ချင်မပြေစိတ်နဲ့တစ်ချက်သန်းနေရင်းမှ .." ဟော .. ထယ်ယောင်းလေးရှိနေတာပဲ "
ထယ်ယောင်းကိုတွေ့သည်နဲ့ပြုံးသွားတဲ့နှုတ်ခမ်းတွေဟာတစ်ထပ်တည်း။
ခြံထဲရောက်နေပြီဖြစ်တဲ့ ထိုသူတွေကိုကြည့်လိုက်တော့" ဟင် .. ဒေါ်ဒေါ်မီယူး .. ဒေါ်ဒေါ်ချူးဟွာ နဲ့ ဒေါ်ဒေါ်ဒို့ဆွန်း လဲပါတာပဲ "
ဆင်တူတဲ့ချည်ဘောင်းဘီအပါးသားပွပွကြီးတွေကိုဝတ်ထားရင်း ခမောက်ကိုယ်စီဆောင်းကာထယ်ယောင်းဆီလျှောက်လာကြသည်။
တခြားသူတွေတော့မဟုတ်။
ထယ်ယောင်းတို့နဲ့မိသားစုသဖွယ်ရင်းနှီးနေတဲ့ ဖွားရဲ့အသိရပ်ကွက်ထဲက အန်တီကြီးတွေပင်။
YOU ARE READING
Way Back Home ( Completed )
Romanceဆယ်ကျော်သက်အရွယ်မှာမက်ခဲ့ရတဲ့ နွေဦးအိပ်မက်လှလှကလေးတစ်ခု ..