Unicode
" ထယ်ယောင်း .. ဒီဘက်မှာမရှိဘူးထင်တယ်ကွာ "
တောအုပ်ကလေးထဲ သူတို့အားလုံးစုဝေးနေရင်း သဘာဝပေါက်ပင်တွေဆီမှ ဆေးဖက်ဝင်မည့်အပင်တွေနှင့် သစ်ဥ၊သစ်မြစ်တွေကိုကြိုးစားပမ်းစားလိုက်ရှာနေကြသည်။
တောအုပ်ကလေးထဲလာရသည့်တိုင် ထိုနေရာလေးဟာ အန္တရာယ်တစ်စုံတစ်ရာမရှိသည်မို့ အကာအကွယ်အနေနှင့်သူတို့ဝတ်ထားသည်ဟာ လက်အိပ်နှင့်နေရောင်ဒဏ်ကာကွယ်ဖို့ဆောင်းထားခဲ့သည့် ခမောက်ကလေးတွေပင်ဖြစ်သည်။
တောထဲဝင်ဖို့ရာစီးလာသည့်ဖိနပ်ကလေးတွေဟာလဲ ခြေမျက်စိအထက်နားလောက်ရှိ၏။တချို့မှာတော့ နေရောင်ကာကွယ်ဖို့ရာအက်ျီလက်ရှည်ကိုဝတ်ထားကြသေး၏။
ခြင်းတောင်းအသေးလေးတွေကိုလဲသိုင်းကာ လွယ်ထားကြသေး၏။ခမောက်ကိုယ်စီဆောင်းထားသည်မို့ ဘယ်သူကဘယ်သူမှန်းအလွယ်တကူမမှန်းနိုင်။
ဥပမာ ကုန်းကုန်းကွကွရှာနေသည်မို့ ဖင်လေးလုံးထွက်နေသည်ကိုဟီးဂျောင်ထင်ပြီး ဖင်ကိုတစ်ချက်သွားရိုက်လိုက်ရာမှာ ဟီးဂျောင်မဟုတ်ပဲရွာခံအဒေါ်ကြီးတစ်ယောက်ဖြစ်နေသည်မို့ ထိုင်ရှိခိုးမတက်တောင်းပန်လိုက်ရသည့် ဟွာရန်းလိုပေါ့။
ဆရာဝန်တွေအားလုံးနဲ့ လိုက်ပါလာသည့်လူတစ်ချို့ကထိုတောအုပ်လေးထဲလူစုခွဲကာ ဟိုဟိုဒီဒီရှာနေပေမဲ့ ထယ်ယောင်းတို့သူငယ်ချင်းအုပ်စုကတော့ တစ်နေရာထဲမှာပဲ ရစ်သီရစ်သီနဲ့ နေရာမရွေ့။
ထယ်ယောင်းကတစ်ဖက်နေရာတွေဆီသွားရှာနေတော့လဲ ထိုသုံးယောက်ကထယ်ယောင်းအနားမှာပဲဝေ့သီနေတာမို့ နောက်ဆုတ်ရင်းဆုတ်ရင်းနဲ့ ပထမနေရာကိုပဲပြန်ပြန်ရောက်လာရ၏။
သူတို့အဖြစ်က မုန့်လုံးစက္ကူကပ်နေသလို။နေရောင်တစ်စွန်းတစ်စထိုးနေပေမဲ့ တောအုပ်ကလေးထဲများပြားလှတဲ့သစ်ပင်ကြီးတွေအုံ့မိုးနေတာမို့ အပူဒဏ်ထက် အေးချမ်းတဲ့ခံစားချက်ကိုသာရရှိနေသည်။
ရွာခံလူတွေလဲ ရံဖန်ရံခါ ထိုတောအုပ်ထဲသွားလာနေကြမို့ ကြီးကြီးမားမားအန္တရာယ်မရှိတာကတော့ကျိန်းသေးနေပါ၏။
YOU ARE READING
Way Back Home ( Completed )
Romanceဆယ်ကျော်သက်အရွယ်မှာမက်ခဲ့ရတဲ့ နွေဦးအိပ်မက်လှလှကလေးတစ်ခု ..