32🍂

2.3K 192 38
                                    

Unicode

" ​ဒေါက်တာအကိုကြီး .. အခုကျွန်​​​တော်တို့ကဘယ်ကိုသွား​နေကြတာလဲဟင် "

​ခြေလှမ်း​တွေဦးတည်သွားရာဟာ ဘယ်​နေရာမှန်းသိမ​နေသည့်တိုင် သူ​ဒေါက်တာအကိုကြီး​နောက်တစ်​ကောက်​ကောက်လိုက်​နေခဲ့တာ။
တစ်လမ်းလုံးတိတ်လာခဲ့ပြီးမှ သူ့အာရုံ​​တွေဟာ ဟိုး​အ​ဝေးမှာရှိ​နေသည့် စိမ်းစိုစိုမြက်ခင်းပြင်​တွေနဲ့ စိုက်ခင်း​တွေရှိရာ​နေရာသို့​​ရောက်ရှိသွားတာမို့ ထုတ်​မေးလိုက်ရသည်။

" သစ်သီးခြံ "

" ​အော .. သစ်သီးခြံ ... "

စကားယောင်လိုက်ပြီး​ပြောကာ ပတ်ပတ်လည်ကို​ဝေ့ဝဲကြည့်​နေမိသည်။
မြို့ပြကြီး​တွေလို ကားအသွားအလာမရှိပဲ ​​​သစ်သီးခြံ​တွေတစ်ဖက်ခြမ်းမှာ တွေ့​နေရသည်ဟာ​ ထော်လာဂျီနှစ်စီးနဲ့ လယ်ကွင်းပြင်ကြီးကိုဖြစ်သည်။
စိမ်းစိုစိုလယ်ကွင်းပြင်ကြီး​တွေရဲ့အလယ်မှာ လမ်းသွယ်သွယ်က​လေးရှိ​နေခဲ့ပြီး အခုသူတို့ကထိုလမ်း​အထက်မှာ​လျှောက်​နေခဲ့တာပင်။

" မိုးရာသီဆို ဘာအသီး​တွေများသီး​နေ​လောက်မလဲ​နော် "

" စပျစ်သီးထင်တယ် "

" ဟင် .. မိုးရာသီကစပျစ်သီး,သီးတာလား "

မိုးရာသီမှာ စပျစ်သီး​ပေါ်သည်ဟာ အမှန်ပဲလားမသိတာမို့ပြန်​မေးကြည့်​လိုက်​တော့ ​ဒေါက်တာအကိုကြီးကလဲ သူ့စကားသူမ​ရေရာသလို နားထင်ကိုတစ်ကုတ်ကုတ်။

​လေတဖြူးဖြူးတိုက်ခတ်​နေပြီး ​မိုးရာသီ​နေ့လယ်ခင်း​​လေးမှာ တိမ်စိုင်​​လေး​တွေဟာ ပကတိကြည်လင်​နေခဲ့ပါသည်။
​ဂူဟွာ​ဒေသ​လေးဟာ အချိန်တိုင်းလိုလိုမှာ အေးမြတဲ့ခံစားမှု​ပေးစွမ်း​နေသလို ဒီ​​ဒေသ​လေးမှာရှိ​နေတဲ့လူ​တွေအားလုံးကို တစ်​နေ့တာလုံးစိတ်ကြည်လင်​စေသည်။

လမ်းက​လေးထက်လူအသွားအလာ သိပ်မရှိ​​ပေမဲ့ စက်ဘီးတစ်စီး၊နှစ်စီးက​တော့ ဖြတ်သွားဖြတ်လာရှိသည်။
ထိုလမ်းက​လေးထက် နှစ်​ယောက်တွဲကာ​လျှောက်​နေခဲ့​ပေမဲ့ ​ဒေါက်တာအကိုကြီး​ခြေလှမ်း​တွေဟာတည်ငြိမ်​နေခဲ့ပြီး သူ့​ခြေလှမ်း​တွ​ဟာ​တော့ တက်ကြွ​နေခဲ့ပါသည်။

Way Back Home ( Completed )Where stories live. Discover now