Unicode
ဒယ်ဂူမြို့၊ ဂူဟွာ (၂၀၁၁) ခုနှစ်။
အပူအအေးမျှတစွာတိုးဝင်နေတဲ့ သဘာဝဆန်ဆန်လေအေးအေးဟာ အိမ်အမှတ်(၃၀၆) ဟုရေးမှတ်ထားသည့်နှစ်ထပ်တိုက်ပုလေးရဲ့အပေါ်ထပ်အခန်းကျဥ်းလေးထံဖြတ်သန်းတိုက်ခတ်နေသည်။
တစ်ကိုယ်စာကုတင်လေးပေါ်ပုစွန်ထုတ်လေးသဖွယ်ကွေးညွှတ်နေတဲ့ခန္ဓာကိုယ်လေးတစ်ခု။ ပေါင်တံလေးနှစ်ဖက်ကြားလက်တိုးကာ အအေးဓါတ်ပျောက်ကွယ်အောင်နွေးထွေးမှုယူနေတော့သည်။
လေတစ်ချက်ဖြတ်တိုက်သွားအခိုက်မှာအေးမြသွားတဲ့ခံစားချက်ကိုရလိုက်တာမို့ပြုံးလိုက်ရင်း .. ခေါင်းလုံးလုံးကလေးခုအိပ်ထားတဲ့ခေါင်းအုံးလေးပေါ် ပိုတိုးပွတ်သပ်လိုက်သည်ဟာ ဇိမ်ခံမှုကိုနှစ်သက်သည့်ကြောင်လေးတစ်ကောင်နှယ်။
" မြေးရေထတော့လေ "
ကြားနေကြအသံချိုချိုကြောင့် နှုတ်ခမ်းတို့ကပြုံးယောင်သန်းသွားပေမဲ့ ဟန်ဆောင်စွာဆက်မှေးနေလိုက်တော့ ခဏအကြာအခန်းတံခါးဖွင့်သံတိုးတိုးနဲ့အတူ ကုတင်ဟာလဲအိကျသွားပြီး ..
" မြေးလေး .. ထတော့လေ "
ဆံနွယ်နုနုကိုဖွဖွပွတ်သပ်ရင်းလှုပ်နှိုးနေမှုမှာ သူ့နှုတ်ခမ်းတို့ပြုံးသယောင်ယောင်ဖြစ်သွားပေမဲ့ မျက်ဝန်းတို့ကိုထိုအတိုင်းမှေးမှိတ်လျှက်သားဖြင့် အိပ်ပျော်နေသဖွယ်ငြိမ်သက်နေလိုက်သည်။
" အိပ်ချင်ယောင်ဆောင်တဲ့သူနှိုးရခက်တယ်တဲ့ .. ဒီကလေးတော့ မထသေးပဲလှိမ့်နေတယ်ပေါ့လေ "
လှုပ်ရွရွဖြစ်နေသည့်မျက်တောင်တွေကြောင့် ဖွားကရိပ်မိသွားတော့သူဆက်ပြီးဟန်မဆောင်နိုင်တော့ပဲ ဟီးကနဲပြုံးလိုက်မိတော့သည်။
" နိုးပါပြီဖွားရဲ့ .. သားကအိပ်ချင်ယောင်ဆောင်နေတာမဟုတ်ရပါဘူး၊ ရုတ်တရက်ကြီးထလိုက်ရင် စိတ်ကလေးမကြည်လို့ ခဏလေးအချိန်ယူတဲ့သဘောမျိုးပါနော် "
နှုတ်ခမ်းလေးဆူကာခပ်ချွဲချွဲလေးပြောလိုက်တော့ ဖွားကအသံထွက်သည်အထိရယ်လာသည်။ အရွယ်ရောက်ခါနီး ၁၆နှစ်သားတိုင်းဟာ သည်လိုပဲချစ်စရာကောင်းနေသည်တဲ့လား ..။ ဒါမှမဟုတ် ထယ်ယောင်းဆီမှာမှထိုအပြုအမူလေးတွေက ချစ်ဖို့ကောင်းနေခဲ့သည်လား။
YOU ARE READING
Way Back Home ( Completed )
Fanfictionဆယ်ကျော်သက်အရွယ်မှာမက်ခဲ့ရတဲ့ နွေဦးအိပ်မက်လှလှကလေးတစ်ခု ..
