Unicode
ရက်ပေါင်းအနည်းငယ်ကြာပြီး သူ့ခေါင်းမှဒဏ်ရာသက်သာသွားသည့်အခိုက် ဆေးရုံမှဆင်းကာအိမ်တွင်ပြန်နေခွင့်ရတော့သည်။
ထုတ်မပြောဖြစ်ပေမဲ့ ဆေးရုံမှာနေရသည်ကသူ့အတွက်တအားကိုမွန်းကြပ်လွန်းသည်။ဖွားနဲ့ဒေါက်တာအကိုကြီးအပြင် သူမမှတ်မိတဲ့သူငယ်ချင်းတွေကပါ အမြဲအပြတ်သူ့အနားရှိနေပေးလို့သာ သူအဆင်ပြေပြေနေနိုင်ခဲ့တာ။
တစ်ခါတစ်ခါ မူးဝေလာခဲ့သည့်ဒဏ်တွေကိုလဲသူမခံစားနိုင်။" ထယ်ယောင်းဒီမှာကြည့် "
" ဟာ .. ဒီမှာငါပြနေတယ်လေ "
" မင်းတို့နောက်မှပြ ငါ့ဟာအရင်ပြလိုက်မယ် "
အိမ်အပေါ်ထပ်ဝရံတာလေးဆီ လေးယောက်သားတင်ပြင်ခွေကာခြေချိတ်ထိုင်နေကြသည်။
သူအနည်းငယ်စိမ်းသက်နေသေးသည့်သူငယ်ချင်းတွေဟာ လက်ထဲတွင်လဲပစ္စည်းတစ်ခုဆီကိုင်ရင်း အလုအယက်ပြနေတော့၏။
မနက်ကထဲကရောက်လာခဲ့သည့်သူတို့က နေ့ခင်းရောက်သည့်တိုင် သူ့အနားရှိနေပေးကြ၏။" ဟေ့ရောင် အလှည့်မကျော်နဲ့ကွ "
သူ့ဆီရောက်လာတိုင်း ထိုသုံးယောက်ကသူတို့နာမည်တွေထပ်ခါထပ်ခါပြောလာသည်မို့ သူအလွတ်ရနေခဲ့ပြီ။
" ဘာဖြစ်လဲ! ကျော်တော့ ဘာဖြစ်လဲ "
မျက်မှန်နဲ့ဟီးဂျောင်ဆိုသည့်ကောင်လေးပြောသည်ကို ဟွာရန်းဆိုသူကလျှာထုတ်ပြောင်ရင်း မချေမငံပြန်ပြောလာသည်။
" ဟို .. ကျွန်တော်တစ်ခုချင်းကြည့်လဲရပါတယ် "
ခေါင်းလေးကုတ်ကာ ထိုသုံးယောက်ကြားထဲယောင်လည်လည်လေးပြောလိုက်တော့လဲ ငြင်းခုန်နေသည့်သုံးယောက်ကရပ်မသွား။
အဲ့အစား အတိုင်းသားလေးချထားသည့် သူ့လက်ကိုလက်မောင်းမှတစ်ဖက်ဆီဖွဖွဆွဲကြကာ သူတို့ယူလာသည့်ပစ္စည်းတွေကိုပြရင်းရှင်းပြနေသည်ဟာ တစ်ယောက်တစ်ပေါက်။အနည်းငယ်စိမ်းသက်နေသေးသည့်အခြေအနေမို့ 'ငါ' ဆိုသည့်အသုံးအနှုန်းအစား သူ့ကိုယ်သူ ကျွန်တော် ဟူ၍သာသုံးပြောသည်။
YOU ARE READING
Way Back Home ( Completed )
Romanceဆယ်ကျော်သက်အရွယ်မှာမက်ခဲ့ရတဲ့ နွေဦးအိပ်မက်လှလှကလေးတစ်ခု ..