Unicode
အသီးဗူးလေးကိုဖွင့်ကာ ဂေဟာမှထယ်ယောင်းတစ်ယောက်ထဲထိုင်နေကြခုံတန်းလေးဆီ အခုမှာတော့ ဒေါက်တာနဲ့အတူ။
ခုံတန်းလေးပေါ်ထိုင်သည်တိုင်း မြေပြင်နဲ့ထိကပ်မနေသည့်ခြေထောက်ကလေးကိုလွှဲတက်သည့်အကျင့်လေးဟာလဲ ငယ်စဥ်ကတည်းကအခုထိမပျောက်ပျက်သေးခဲ့။
ငယ်စဥ်ထဲက အခုထိလဲ ထယ်ယောင်းမှာထိုခုံတန်းလေးဆီထိုင်သည်တိုင်း ခြေထောက်နဲ့မြေပြင်ထိကပ်သွားသည်ဆိုတာမျိုးမရှိခဲ့ပါ။ခေါင်းငုံ့ထားလျှက်အနေအထားဖြင့် ဒေါက်တာ့ဘက်အနည်းငယ်စောင်းကြည့်တော့ ဒေါက်တာ့ခြေထောက်နဲ့မြေပြင်ဟာတော့ ကွက်တိအနေအထားမှာပင်။
ထိုအရာကိုကြည့်ရင်း ထယ်ယောင်းအဖြစ်အပျက်တစ်ချို့ကိုပြန်သတိရမိသည်။၁၄နှစ်သား ဧည့်သည်ကောင်လေးဆိုလျှင်လဲဒီနေရာမှာအမြဲထိုင်သည်တိုင်း ထယ်ယောင်းလိုပဲခြေထောက်နဲ့မြေပြင်ဟာ ထိကပ်မနေခဲ့ပါ။
နှစ်ယောက်သားအတူတွဲထိုင်တိုင်း ထယ်ယောင်းခြေထောက်လေးတွေဟာ တစ်ယမ်းယမ်းလွှဲတက်နေခဲ့ပြီး သူ့ခြေထောက်လေးတွေကတော့ ချထားသည့်အတိုင်းငြိမ်နေခဲ့ပါသည်။ယခုမှာလဲ ထပ်တူပါပဲ ..။
မသိမသာလွှဲနေခဲ့တဲ့ ထယ်ယောင်းခြေအစုံနဲ့ .. မြေပြင်ပေါ်ချထားသည့်အတိုင်းငြိမ်နေခဲ့တဲ့ ဒေါက်တာ့ခြေအစုံ။အဝေးမှာတော့ ချိန်းကြိုးတန်းလန်းလေးဖြင့်ရပ်ထားရသည့် စက်ဘီးကလေးလဲရှိနေပါ၏။
" ကင်မ်ထယ် "
" ဗျာ "
ခေါ်လိုက်သည့်အချိန်အလိုက်တသိလေးထူးမိတော့ သူ့ကိုကြည့်လာသည့်ဒေါက်တာ့အကြည့်တွေကရီဝေဝေ .. ပြီးတော့ .. ဆွေးမြေ့မြေ့။
" ဒီနေရာလေးက အေးချမ်းတယ်နော် "
ဂေဟာဝန်းပတ်ပတ်လည်ကိုအကြည့်တို့ပို့လိုက်ရင်း ဆိုလာခဲ့သည်။
ထယ်ယောင်းလဲ ဒေါက်တာ့ဆီမှအကြည့်တို့ကိုဖယ်ခွာလိုက်ရင်း အရှေ့သို့ပြန်လှည့်ကာ ဖွဖွပြုံးလိုက်သည်။
YOU ARE READING
Way Back Home ( Completed )
Romanceဆယ်ကျော်သက်အရွယ်မှာမက်ခဲ့ရတဲ့ နွေဦးအိပ်မက်လှလှကလေးတစ်ခု ..