34🍂

2.3K 189 38
                                    

Unicode

သုံးရက်​မြောက်​နေ့ ...။

" ​ဒေါက်တာတစ်​ယောက်​လျှော့သွားလို့ စိတ်မ​ကောင်းဖြစ်မိ​ပေမဲ့ .. ရုန်းထွက်နိုင်ခဲ့လို့​ဂုဏ်ယူပါတယ်​ဂျောင်ဂု "

​​ဆေးရုံအုပ်ရုံးခန်း​ရှေ့အတူရပ်ကာ နှုတ်ဆက်မိကြသည်။
​​ဆေးရုံမှာရှိ​နေစဥ်တစ်​လျှောက်လုံး ဒေါက်တာမင်က သူနဲ့အရင်းနှီးဆုံးဆရာဝန်တစ်​ယောက်လို့ပင်​ပြောလို့ရသည်။

" ​မင်းဆီအပြီးအပ်ခဲ့တာမို့ ​ရှေ့​လျှောက်ဒီ​ဆေးရုံနဲ့ပတ်သတ်တာမှန်သမျှ ကိုယ်နဲ့လုံးဝမဆိုင်​တော့ဘူး​နော် ​ဒေါက်တာမင် "

ရယ်မြူးရိပ်သန်းကာ ​ပြောလိုက်​တော့ ​​ဒေါက်တာမင်ကလဲပြုံးကာ​ခေါင်းခါပြလာ၏။

" တစ်​ခေါက်​လောက်ဖက်ရ​အောင်ကွာ "

ထိုအသံအဆုံး သူ့လက်​တွေကိုအနည်းငယ်ဆန့်ထုတ်ရင်း ​ဒေါက်တာမင်ကို​ပွေ့ဖက်လိုက်သည်။
​ထုတ်မ​ပြောဖြစ်​ပေမဲ့ ​ဒေါက်တာမင်ကသူ့အတွက်အ​ကောင်းဆုံးမိတ်​ဆွေ၊သူငယ်ချင်း​ကောင်းတစ်​ယောက်ပါပဲ။

" နှုတ်ဆက်ပါတယ် ယွန်းဂီ "

​နောက်ဆုံးအကြိမ်နှုတ်ဆက်စကား​ပြောအပြီးမှာ​တော့ သူထို​ဆေးရုံကြီးအတွင်းမှထွက်ခွာဖို့ပြင်သည်။

နှစ်ရွက်မျှရှိသည့်စာရွက်​တွေကိုကိုင်ရင်း ​ဆေးရုံအတွင်း​ပေါ့ပါးစွာ​လျှောက်လှမ်း​နေမိတဲ့​ခြေလှမ်း​တွေ ..။
ဂျူတီကုတ်ဖြူဖြူကို သူ့ခန္ဓာကိုယ်ထက်ဝတ်ဆင်ထားခြင်းမရှိပါပဲ လက်​ပေါ်သာတင်ရင်း​လျှောက်လှမ်းလာခဲ့တာ။

တစ်ပတ်တင်းတင်းပြည့်ခဲ့ပြီ။
​အပြီးတိုင်လွတ်​မြောက်ဖို့​​ရေတွက်​နေခဲ့ရတဲ့ရက်​​တွေဟာ ​နောက်ဆုံးမှာ​​တော့တစ်ပတ်တင်းတင်းပြည့်ခဲ့ပြီ။

တစ်လှမ်းလှမ်းသည်တိုင်း​ပေါ့ပါး​နေခဲ့တာဟာ ဘာ​ကြောင့်များလဲ ..။
​​လေးပင်စွာ ထမ်းပိုးထားရတဲ့အရာ​တွေအကုန်လွှတ်ချနိုင်ခဲ့လို့ သူ့​ခြေလှမ်း​​တွေ​ပေါ့ပါး​နေခဲ့သည်လား ..။

ကိုင်ယူလာသည့်စာရွက်​တွေကိုအခါခါပြန်ကြည့်ရင်းပြုံး​နေမိသည်။
အားလုံးပြီးခဲ့ပြီ .. သူဟာဒီ​​ဆေးရုံနဲ့ထပ်ပြီး ပတ်သတ်နိုင်ဖို့မရှိ​တော့ ..။
​ထိုဆေးရုံကြီးတင်မကပဲ သူ့ကိုတားဆီး​နေသမျှအရာ​တွေအကုန် ထပ်ပြီး​နှောင့်ယှက်ဖို့ရှိလာနိုင်မှာမဟုတ်​တော့ ..။

Way Back Home ( Completed )Where stories live. Discover now