Final

3.9K 245 104
                                    

Unicode

" ကြိုဆိုပါတယ် .. "

ဆိုင်ဝမှ Dream Catcher ​လေးရဲ့လှုပ်ခတ်မှု​ကြောင့် ထယ်​ယောင်းအ​ခွေ​တွေစီတန်း​နေရင်းပင် အဝင်ဝသို့လှည့်ကြည့်လိုက်သည်။

" Hi အကို "

" ​အော .. မင်းပဲကိုး "

​​​လေး​ထောင့်မျက်မှန်​လေးတပ်ကာ ဆံပင်​တွေဟာလဲနီ​ကြောင်​ကြောင်ဖြင့်။
ဝတ်ထားသည်က တီရှပ်အနီပေါ် ​ချိုင်းပြတ်အက်ျီအဝါ​တောက်​​တောက်ကြီးကိုလဲ တစ်ခါထပ်ထား​သေး၏။

ဒီ​ကောင်​လေး ထယ်​ယောင်းဆိုင်ကိုတစ်​ခေါက်လာပြီးကထဲက ​နေ့တိုင်းမ​ရေမတွက်နိုင်​အောင်ထပ်လာ​နေခဲ့တာ။
ထယ်​ယောင်းကိုစမြင်တုန်းကဆို မျက်မှန်ကြီးကျွတ်ကျမတက် မတ်တပ်အိပ်​ပျော်​နေသလားပင်မှတ်ရ​အောင် မလှုပ်မယှက်​ငေး​မော​နေခဲ့တာ။

" ​နေ​ကောင်းတယ်​နော် အကို "

" ​​အော .. ​ကောင်းတယ်​လေ "

​ဂျောင်ဂုနဲ့ရွယ်​တူသာဖြစ်လောက်မည့် ထို​ကောင်​လေးဟာ ​ကြောင်​တောင်ကြား​တား​​တွေသာဝတ်မထားရင် အမှန်ချစ်စရာ​ကောင်းသည်ဆိုတာထယ်​ယောင်းသိသည်။
က​လေးမျက်နှာနဲ့ထို​ကောင်​လေးက ထယ်​ယောင်းကို​တွေ့တိုင်း ကြီးကြီးကျယ်ကျယ်​တွေ​ပြော​နေကြမို့ ချစ်စရာ​ကောင်းလိမ့်မည်ဟု​တွေးထားမိသည့် ထယ်​ယောင်းအ​တွေး​တွေဟာ လွင့်စင်သွားရ​​တော့၏။

အခုလဲ စဝင်လာကထဲက ချစ်ရည်ရွှန်းလဲ့​နေသည့်မျက်ဝန်း​တွေဖြင့်ထယ်​ယောင်းဆီတစ်စိုက်မတ်မတ်ကြည့်​ကာ ..

" ​​ချောလိုက်တာအကိုရယ် .. ကျွန်​တော့်ကိုအ​ခွေ​လေးဌားပါအုံး "

ပါးစပ်နားရွက်တက်ချိတ်မတက်ပြုံးရင်း အဆက်အစပ်မရှိတဲ့စကား​တို့ကို​ပြောလာသည်မို့ ထယ်​ယောင်းစိတ်ညစ်သွားရသည်။

" ဘာအ​ခွေလိုချင်တာလဲ "

ကိုယ့်ဆိုင်လာတဲ့ဧည့်သည်ပဲမို့ ထယ်​ယောင်းကပဲသက်ပြင်းချမိကာ ကြိုဆိုရပြန်၏။

" ဒီလို​လေအကို .. မင်းသားက .. အဲ .. မင်းသမီးက အ​ခွေဌားဆိုင်​လေးဖွင့်ထားပြီး ​အေး​အေးချမ်းချမ်း​လေး​လေ၊ အဲ့မှာ​မင်းသားက အ​ခွေဆိုင်​လေးကိုလာရင်း မင်းသမီးကိုမြင်မြင်ချင်းချစ်မိ၊ မင်းသမီးကလဲ မင်းသားကိုပြန်ချစ်၊ သူတို့နှစ်​ယောက်ညား .. ​နေ့တိုင်းအာဘွား​တွေ​ပေး၊ ကစ်စ်ခ်တွေ​ပေးနဲ့ ချိုမြိန်တဲ့အခိုက်​​လေး​တွေဖန်တီးပြီး လက်ထပ်ကြ .. က​လေး​လေး​တွေယူကြနဲ့ ​​နောက်ဆုံးမှာပျော်ရွှင်စွာ​ပေါင်းဖက်ကြ​လေသတည်းဆိုပြီး​ .... "

Way Back Home ( Completed )Where stories live. Discover now