11🍂

1.9K 172 9
                                    

Unicode

ည​ဦးဟာ တိတ်ဆိတ်စွာ ..။
​မှောင်ရိပ်သမ်း​နေသည့်​ကောင်းကင်ပြင်ကြားမှ လ​ရောင်ရဲ့အလင်းတို့ဟာ ပျံ့လွင့်စွာလင်းထင်း​လို့​နေသည်။

အသက်ရှုသံတည်ငြိမ်ငြိမ်ဟာ အခန်းအတွင်းသဲ့သဲ့မျှ။

" ​အခု​ဖြေလို့ရပြီလား "

​​ထိုကောင်​လေးလက်ကိုဆွဲ​ခေါ်လာခဲ့သည့်အချိန်မှစ၍ ထယ်​ယောင်းတို့ထိုအခန်းဆီမှ​ခြေတစ်လှမ်းပင်မ​ရွေ့ရ​သေး။

ထယ်​ယောင်း ဘာ​မေး​မေးငြိမ်သက်​နေခဲ့ပြီးဘာကိုမှပြန်မ​ဖြေ။
ထိုအရာဟာ ထယ်​ယောင်းကို​ပိုလို့​ပင်ဒေါသထွက်​လာစေသည်။

" ဘာလို့ငြိမ်​နေခဲ့တာလဲ "

ပုံမှန်ထက်ကွဲပြားလွန်းတဲ့သြရှရှအသံဟာ ​၁၆နှစ်သား​ကောင်ငယ်​လေး ဘယ်​လောက်ထိ​ဒေါသထွက်​နေသလဲသိနိုင်ပါ၏။

ကုတင်စပ်မှာ​တော့ ထယ်​ယောင်းထိုင်​စေသည့်ပုံစံအတိုင်း ငြိမ်သက်စွာထိုင်​နေသည့်​ကောင်​လေးဟာလဲ အသိစိတ်မကပ်သည့်နှယ်။

" ပြန်လိုက်သွားချင်​နေခဲ့တာလား "

" ..... "

" မဟုတ်ဘူးမလား .."

ထယ်​ယောင်း​မေးသည်ကိုမ​ဖြေပဲ ​ခေါင်းကိုသာငုံ့ချထားသည်။
ထိုအတိုင်းမလှုပ်မယှက်ပင်ငြိမ်သက်​နေခဲ့ပြီး ​မွေ့ယာဆီသို့သာအကြည့်တို့ပို့ထားသည်က စိတ်နဲ့လူနဲ့မကပ်သည့်နှယ်။

ငိုရှိုက်ရင်း .. တူညီတဲ့​မေးခွန်း​တွေကိုထပ်ကာထပ်ကာ​မေးရင်း .. သူ့ဘက်ကတိတ်ဆိတ်​နေသည့်အခါ ထပ်ကာငိုရှိုက်မိရင်းနဲ့ ထယ်​ယောင်းကိုယ်တိုင်အားမရှိ​တော့။

မျက်ဝန်း​တွေထဲအ​ဖြေရှာမကြည့်သည့်တိုင် ဧည့်သည်​ကောင်​လေးရဲ့အ​ဖြေကိုထယ်​ယောင်းရိပ်မိ​နေပြီ ..။
​လှုပ်ခါ​နေတဲ့ရေလှိုင်း​တွေဟာ ဆန်းပြားစွာငြိမ်သက်​သည်လို .. အသက်ဝင်​နေတဲ့မျက်ဝန်း​​တွေဟာလဲ အသက်မဲ့သလိုငြိမ်သက်​နေခဲ့သည်။

" ငြင်းရမယ်​လေ! မလိုက်ချင်ဘူးမလား .. ငြင်းခဲ့ရမယ်​လေ! ဘာလို့ငြိမ်​နေခဲ့တာလဲ "

Way Back Home ( Completed )Where stories live. Discover now