Unicode
" ဂျောင်ဂု .. ပစ္စည်းတွေကဒါအကုန်ပဲလား "
ဆေးခန်းလေးရှေ့ရပ်ကာ ထုတ်ထားသည့်ပစ္စည်းတွေကိုတစ်ချက်ကြည့်လိုက်သည်။
အဝတ်ထုတ်ဟုထင်ရသည့် အထုတ်နှစ်ထုတ်ခန့်သာ။" ကျွန်တော်ပိုင်တာ ဒါအကုန်ပဲ "
ထယ်ယောင်းအပြင်ကအော်ပြောလိုက်တော့ သူကအထဲကနေတန်ပြန်အသံပေးလာခဲ့၏။
ထို့နောက် ဆေးခန်းအပေါက်ဝရှေ့ အိတ်ခပ်ကြီးကြီးတစ်ခုကိုလွယ်ရင်းထွက်လာသည်။" အဲ့တာဘာကြီးလဲ "
ပခုံးထက်တင်ထားသည့် ထိုပစ္စည်းအရွယ်အစားကကြီးလွန်းနေသည်မို့ သူမနေနိုင်တော့ပဲထုတ်မေးမိတော့၏။
" ဂစ်တာ "
" အော .. ဂစ်တာလား .. "
ထယ်ယောင်းတန်ပြန်လိုက်ပြောမိတော့ ဧည့်သည်ကောင်လေးကခေါင်းညိမ့်ကာပြုံးလာခဲ့သည်။
ဂျူတီကုတ်ဝတ်မထားသည့်တိုင် ဆရာဝန်တစ်ယောက်အသွင်ဆောင်နေပြီး ထယ်ယောင်းရဲ့ကောင်လေးဟာဂုဏ်ရှိလွန်းသည်။
တည်ကြည်လွန်းတဲ့ဒေါက်တာ .. အေးစက်လွန်းတဲ့ဒေါက်တာဆိုတဲ့ ဂုဏ်ပုဒ်တွေဟာ ထယ်ယောင်းရှေ့ရောက်ရင်တော့ ပြောင်းပြန်တွေကြီးသာဖြစ်ခဲ့ပါတယ်။
အမြဲလိုလိုငေးမောနေတက်တဲ့ဂျောင်ဂုမဟုတ်တော့ပဲ အရယ်အပြုံးတွေ တသီတတန်းနဲ့ အသက်ဝင်လာတဲ့ဂျောင်ဂုဖြစ်လာခဲ့တယ်။ငွေကြေးဥစ္စာပြည့်စုံလွန်းခဲ့သည့် ဒေါက်တာဂျွန်ဂျောင်ဂုအဖြစ်ကနေ သာမာန် ဂျွန်ဂျောင်ဂုဖြစ်ဖို့ရွေးချယ်ခဲ့တဲ့အကြောင်းပြချက်ဟာ ထယ်ယောင်းဖြစ်နေတာမို့ ဂျောင်ဂုကိုပိုင်ဆိုင်ပြစ်ဖို့ တွေးထားခဲ့သည့် အတွေးတွေဟာမှန်နေသလားတွေးမိတဲ့အချိန်တွေရှိခဲ့တယ်။
ထယ်ယောင်းတို့အိမ်ကလေးမှာ ဧည့်သည်ကောင်လေးဟာအရင်လိုနေနိုင်ပါတော့မလား ..။
ဂျောင်ဂုလိုမျိုးပိုင်ဆိုင်မှုကြီးကြီးမားမားရှိမနေသည့် ထယ်ယောင်းတို့ဆီ သူဟာနေလို့သင့်တော်နိုင်ပါ့မလား ..။
YOU ARE READING
Way Back Home ( Completed )
Romanceဆယ်ကျော်သက်အရွယ်မှာမက်ခဲ့ရတဲ့ နွေဦးအိပ်မက်လှလှကလေးတစ်ခု ..