Unicode
" မေမေ့စကားကိုနားမထောင်တာလား သား "
ဆေးရုံသွားဖို့အတွက်ပြင်ဆင်ကာဆင်းလာရင်း ဧည့်ခန်းထဲထိုင်စောင့်နေသည့် သူ့ကိုမြင်သည့်တိုင် ထိုကလေးဟာမမြင်ချင်ဟန်ဆောင်နေခဲ့ပါသည်။
သူ့ဘက်ကပဲစတင်၍ စကားစလိုက်သည့်အခါ တံခါးဝသို့လှမ်းနေသည့်ခြေလှမ်းတွေဟာရပ်တန့်သွားပြီး တစ်ချက်သာစောင်းငဲ့ကြည့်လာရင်း ဒီကောင်လေးဟာသူ့ကိုဘာတစ်ခွန်းမှပြန်မပြောခဲ့။
အဲ့တာထက် .. သူနဲ့မပြောချင်တာဆိုပိုမှန်လိမ့်မည်ထင်သည်။" ဆရာဝန်ဖြစ်ချင်တာကို မေမေလိုက်လျောပေးခဲ့တယ်။ ဂူဟွာမှာနေချင်တယ်လို့ပြောခဲ့တုန်းကလဲ မေမေအဆင်မပြေရင်တောင် မင်းအတွက်လိုက်လျောပေးခဲ့ပြီးပြီ "
ပြောနေကြစကားတွေဖြစ်လင့်ကစား သူအမြဲထပ်ပြောနေဦးမည်။
စိမ်းသက်နေတဲ့ သားနဲ့သူ့ရဲ့ကြားကဆက်ဆံရေးကိုပြေလည်ဖို့အတွက် သူဒါတွေကိုဆက်ပြောနေရဦးမည်။သူ့ဘက်ကဘာတွေပဲပြောနေပါစေ ထိုကလေးဟာတုတ်တုတ်မလှုပ်ခဲ့ပါ။
" လိုအပ်သမျှအကုန်မေမေဖြည့်စည်းပေးခဲ့ပြီထင်တာပဲသား။ အိမ်၊ကား၊ပစ္စည်းတွေ .. နောက်ဆုံး ဂူဟွာဆေးရုံကြီးအထိ။ ဒါကိုမင်းကဘာမဟုတ်တဲ့ရပ်ကွက်ကလေးထဲ ကိုယ်ပိုင်ဆေးခန်းလေးကိုမေမေမသိအောင်ဖွင့်ခဲ့တယ်။ ဒါကဆန့်ကျင်တဲ့သဘောလားသား။ မင်းကမေမေ့သားပါ .. မင်းလုပ်နေသမျှအရာအားလုံးကိုမေမေသိတယ်။ ပြီးတော့ .. မင်းအခုရှိနေရမှာက ဒီရပ်ကွက်လေးထဲမှာမဟုတ်ဘူး "
တစ်ချက်မှလှည့်ကြည့်မလာခဲ့တဲ့ သူ့ရဲ့သားဟာ တကယ်ကိုပြတ်သားလွန်းခဲ့သည်။
ဒါဟာလဲ သူ့သွေးပါနေခဲ့သည်ကြောင့်။ဧည့်ခန်းအတွင်းကအသက်ရှူသံတွေသည်တောင် ကျယ်လောင်နေခဲ့သလို။
" ကျွန်တော်ဘာတွေများထပ်လုပ်ပေးရမလဲ မဒမ် "
လွန်ခဲ့တဲ့ ၁၀နှစ်မှစပြီး အိမ်လေးဆီပြန်ခေါ်လာခဲ့တဲ့သူ့ရဲ့သားဟာ သူ့ကိုမေမေလို့တစ်ခွန်းတစ်လေတောင်ထပ်မခေါ်ခဲ့ပါ။
ထို ၁၀နှစ်အတွင်းတစ်ခေါက်တစ်လေတောင်ပေါ့။
YOU ARE READING
Way Back Home ( Completed )
Romanceဆယ်ကျော်သက်အရွယ်မှာမက်ခဲ့ရတဲ့ နွေဦးအိပ်မက်လှလှကလေးတစ်ခု ..