21🍂

2K 186 20
                                    

Unicode

မျက်စိတစ်ဆုံးမြင်​နေရတဲ့စိုက်ခင်းကြီး။
သစ်သီး၊အသီးအရွက် စသဖြင့်စုံလင်​နေ​အောင်စိုက်ပျိုးထားသည်မှာ ဧကအ​တော်အတန်ကျယ်သည်အထိ။

ခြံထဲမှလူ​​တွေအားလုံးခ​မောက်ကိုယ်စီ​​ဆောင်းရင်း ခြင်း​တောင်း​လေး​တွေကိုလွယ်ကာ ခူး​နေကြသည့်ပုံရိပ်​တွေဟာ ငယ်စဥ်ကထဲက​အခုအချိန်ထိ တွေ့မြင်​နေကြမြင်ကွင်းတစ်ခုပင်။

များပြားလွန်းသည့်အသီး​တွေကိုတစ်ခြံစီခွဲကာ စိုက်ပျိုးထားပြီး သီးသန့်မဟုတ်​သော်ငြား သစ်သီးခြံတစ်ခြံနှင့်တစ်ခြံကိုဝင်ထွက်ရလွယ်​အောင်ဆက်ထားသည့် လမ်းက​လေးလဲရှိ​နေ၏။

​များပြားလှတဲ့သီးပင်​တွေဟာရှိ​နေခဲ့​ပေမဲ့ ဒီရာသီအတွက်မှာ​​တော့ခြံထဲအ​တွေ့ရဆုံးနဲ့ အ​ပေါများဆုံးဟာ လိ​မ္မော်နှင့် စပျစ်သီး​တွေပင်။
အုံခဲ​နေ​အောင်သီး​နေတဲ့အသီး​တွေ​ကြောင့် လိ​မ္မော်ခြံတစ်ခုလုံး ခူးချင်စရာ​​အတိ။

" ​ဒေါက်တာ .. ခင်ဗျားလိ​မ္မော်သီးကြိုက်လား ​"

ခြံဝန်းထဲက လမ်းကျဥ်း​လေး​တွေဆီဖြတ်ကာ လက်ညှိုးထိုးမလွဲရှိ​နေတဲ့လိ​​မ္မော်သီး​တွေကိုကြည့်ရင်း ​လျှောက်လာကြသည်။
​ဒေါက်တာက​တော့ ​ဘေးမှာသူ့ပုံစံအတိုင်းငြိမ်သက်ကာ လိုက်ပါလို့​နေသည်။

Guide လုပ်​ပေးရန်​တောင်းဆိုလာသည့်​ဒေါက်တာ​ကြောင့် ထယ်​ယောင်းမှာအခု ဒီ​ဒေါက်တာရဲ့ဧည့်ညွှန်က​လေးဖြစ်​နေရ​တော့၏။

" ကြိုက်တယ် "

" ဒီရာသီက လိ​မ္မော်သီးနဲ့ စပျစ်သီးအ​ပေါဆုံးအချိန်​လေ။ ​​နောက်လ​လောက်ဆိုရင်​တော့ ပါး​တော့မယ်ထင်တယ်။ မိုးရာသီ​ရောက်​တော့မှာဆို​တော့ သူတို့အချိန်လဲကုန်ပြီ​လေ "

​ဒေသခံတစ်​ယောက်အ​နေနဲ့ထယ်​ယောင်းရှင်းပြလိုက်​တော့ ​ဒေါက်တာကသူ့ကိုစိတ်ဝင်တစားကြည့်ကာနား​ထောင်​နေပါ၏။
​ဆေးခန်းတွင်​တော့ ​ဒေါက်တာနှစ်​ယောက်​လောက်ရှိ​​နေပြီး လူနာသိပ်မကျသည်မို့ ဒီ​အချိန်ကဒေါက်တာ့အတွက်အားလပ်ချိန်ဖြစ်သည်ဟုဆိုရမည်။

Way Back Home ( Completed )Where stories live. Discover now