9🍂

2K 177 25
                                    

Unicode

စပျစ်ခိုင်တုတ်တုတ်ကြီးကို အပင်ဖျားမှအားနဲ့ယူရင်းချိုးလိုက်သည်ဟာ ဂျွတ်ခနဲ။

" ဟယ် ကုန်ပါပြီထယ်​ယောင်းရယ် .. လုပ်ချလိုက်ပြန်ပြီ "

" ဟီး "

ဆွဲလိုက်သည်က​တော့ တစ်ခိုင်ထဲဖြစ်​ပေမဲ့ လက်ထဲပါလာသည်က စပျစ်ပင်တစ်ကိုင်းလုံး။
ဒီထက်မကပဲ အလယ်မှနှစ်ပိုင်းပြတ်သွားတဲ့အကိုင်းအခက်​တွေဟာ ​​မြေပြင်သို့​​ကွေးကိုင်းစွာကျလျှက်။

မမှီ့တမှီအရပ်နဲ့ အားနဲ့လှမ်းယူကာဆွဲချလိုက်သည်မို့ ​ပြေးကြည့်စရာမလိုပဲ ​တွေးကြည့်ယုံနဲ့တင် တစ်ကိုင်းလုံးပါလာမယ်မှန်း မြင်တဲ့သူတိုင်းသိ​နေ၏။

ဒါဟာ စပျစ်ခြံ​ရောက်သည်တိုင်းထယ်​ယောင်းဖြစ်​နေကြ ပြဿနာပိစိက​လေးပင်။

" ကြာလာရင်​တော့ ထယ်​ယောင်း​လေးလုပ်ပုံနဲ့ အပင်​တွေအကုန်မျိုးတုံး​တော့မှာပဲ​အေ .. ဖွား​ရေးအစား ငါဖြင့်​ရင်​လေးတယ်တကထဲ "

ခ​မောက်​လုံ​အောင်ဆောင်းထားပြီး အကွက်စိပ်​လေး​တွေကနုတ်​ဖော်ထားသည့်အက်ျီလက်ရှည်ကိုဝတ်ရင်း ထို​အဒေါ်ကြီးကရင်ဘတ်​လေးကိုဖိကာ​ပြော​တော့ ထယ်​ယောင်းရယ်ပြလိုက်ရုံသာ။

" စ​တော်ဘယ်ရီ​တွေမသီးမချင်း​ ကျွန်​မတို့​တော့ ကျန်တဲ့အသီး​တွေ​ကိုသေချာဂရုစိုက်ရ​တော့မယ်ထင်တယ် "

တစ်​ယောက်တစ်​ပေါက်​ပြောကာ ထယ်​ယောင်းကိုပဲကြည့်​နေရင်း ပြုံးရယ်ကာစ​နောက်​နေသည်မို့ ထယ်​ယောင်းနှုတ်ခမ်း​လေးဆူထွက်လာကာ

" ဟွန်း .. ​ဒေါ်​ဒေါ်တို့​နော် သားကဒါ​လေးပဲလွဲမိတာကို "

" အမ​လေး .. ဒါနဲ့ဆိုအကိုဒီစကား​ပြော​နေတာလဲ ကျွန်မတို့သက်​စေ့ထက်​တောင်​ကျော်​နေပါပြီတော် "

တန်ပြန်စ​နောက်မှု​ကြောင့် ထယ်​ယောင်းရယ်ချလိုက်ချင်​ပေမဲ့ မျက်နှာ​လေးကို​တော့ ဆက်ကာတည်တင်းထားလိုက်သည်။

" ​ဒေါ်​ဒေါ်တို့ကို ဂုကီနဲ့ပြန်တိုင်မှာ "

စလွယ်သိုင်းထားတဲ့​တောင်းက​လေးကို ကိုင်ရင်း သတ္တိရှိရှိ​ပြောချလိုက်သည်က ဧည့်သည်​ကောင်​လေးရဲ့နာမည်ကို။
ယခင်က ဘယ်သူ​တွေဘယ်လိုပဲစ​နောက်​နေခဲ့သည့်တိုင် ထယ်​ယောင်းကဧည့်သည်​ကောင်​လေးကိုမူယာပိုကာ ငိုမဲ့မဲ့တစ်ချက်ကြည့်လိုက်သည်နှင့် ထယ်​ယောင်း​ရှေ့မှာရပ်ကာ ကာကွယ်​ပေးလာသည်က စက္ကန့်မခြား​ပေမို့ ထိုအချိန်မှာထယ်​ယောင်းမျက်နှာဟာ ​အောင်နိုင်သူသဖွယ်ဝံ့ဝံ့ကြွားကြွား။

Way Back Home ( Completed )Where stories live. Discover now