13🍂

2K 195 30
                                    

Unicode

တဆစ်ဆစ်ထိုးကိုက်လာသည့်ဦး​ခေါင်းနဲ့အတူ သူ့ခန္ဓာကိုယ်ဟာလှုပ်မရသည်အထိပင် အား​အင်လျှော့နည်း​နေခဲ့သည်။

" အ့ "

ကိုက်ခဲ​နေတဲ့ဦး​ခေါင်းကိုလက်ဖြင့်ဖိလိုက်​တော့ နာကျင်မှုဟာမခံမရပ်နိုင်စွာ။

" ဟယ် .. ​မြေး​လေး သတိရပြီလား "

မျက်ဝန်းတို့ဖွင့်မရ​သေးသည့်တိုင် ရင်းနှီး​နေတဲ့အသံဟာသူ့အနီးနား​ဝေ့သီလို့​နေသည်။
အ​ပြေးတပိုင်း​​​ရောက်လာခဲ့ပုံရပြီး နဖူးပြင်ထက်ကိုလဲ လက်​နွေး​နွေးဖြင့်တစမ်းစမ်း။

" ​တော်ပါ​သေးရဲ့​မြေးရယ် .. ဖွားဖြင့်စိတ်ပူလိုက်ရတာ "

သက်ပြင်းကိုချကာ​ပြောလာတဲ့စကားအဆုံး သူ့အသိ​အာရုံ​တွေဟာလက်ရှိဖြစ်​နေတဲ့အရာ​တွေကိုစဥ်းစားဖို့ရာအချက်ပြလာ​တော့သည်။

​လေးလံ​နေသည့်မျက်ခွံတို့ကို ဖြည်းညှင်းစွာဖွင့်ဟလိုက်ရင်း ထိုးကိုက်​နေသည့်ဦး​ခေါင်းကိုအလုပ်​ပေးလိုက်​တော့ ​ရေး​တေး​တေး​ပေါ်လာသည့်မှတ်ဥာဏ်​အပိုင်းအစတွေ။

'ဧည့်သည်​ကောင်​လေး'

'​ဟေး ​ဂျောင်ဂု'

'​ဟေ့ က​လေး .. ရယ်​နေပါကွ'

'​တောင်းပန်ပါတယ် .. မထားခဲ့ပါနဲ့'

ဆက်တိုက်ဆိုသလိုကြား​ယောင်လာသည့်မှတ်ဥာဏ်​တွေကြား သူ့စိတ်ဟာအားအင်ကုန်ခမ်း​နေသည့်ကြားမှအလဲအလဲအပြိုပြို။

လမ်းမထက်လဲကျသွားတဲ့သူ့ခန္ဓာကိုယ်။
တ​ရွေ့​ရွေ့ထွက်သွားတဲ့ကား​လေးကိုကြည့်ရင်း ​​တောင်းပန်​​အော်ဟစ်​နေခဲ့သည်ဟာလဲအခါခါ။

​နောက်ဆုံးသတိမ​မေ့ခင်အချိန်ထိ သူဟာ​ထွက်မသွားဖို့တောင်းပန်စကားဆို​နေခဲ့တာ ..။

​ချက်ချင်းဆိုသလို ရစ်ဝဲလာသည့်မျက်ဝန်းတို့နှင့်အတူ ဖျော့​တော့​နေသည့်အားဖြင့် ကုတင်ထက်မှကုန်းရုန်းထလိုက်​တော့ တစ်ခါပြန်ပြီးလဲကျ​တော့မလို။

" ​ဂျောင်ဂု! ​ဂျောင်ဂု​ရော .. ဖွား .. သူ .. သူ ဘယ်မှာလဲ။ ရှိတယ်မလား ဟင် .. "

Way Back Home ( Completed )Where stories live. Discover now